One

3.1K 220 27
                                    



Ring~~~Ring~~~Ring ~~~Ring~~~

အိပ်မောကျနေတုန်းမှာဘဲ ရုတ်တရက် ထမြည်လာ
တဲ့ ဖုန်းသံ၊ အသက်ရှူသံတစ်ခုဘဲ ကြားရအောင်
တိတ်ဆိတ်နေတဲ့ အခန်းအတွင်းမို့ သူလန့်နိုးသွားခဲ့
သည်။

ဒါပေမဲ့ သူဖုန်းမကိုင်ချင်...အိပ်ချင်သေးသည်။
ဘယ်သူ ဘယ်ဝါဆိုတာကို ကြည့်မနေတော့ဘဲ
မျက်လုံးတွေပိတ်လျက်နဲ့ပင် Nightstand ပေါ်က
တဒီးဒီးမြည်နေတဲ့ဖုန်းကို လက်နဲ့စမ်းယူရင်း
Sunoo ပိတ်လိုက်တယ်။

အိပ်ယာပေါ်လူးလိမ့်ရင်း ကိုယ်ပေါ်ခြုံထားတဲ့
စောင်ကို ခေါင်းထိလုံအောင်ဆွဲခြုံပြီးနောက်
သူခဏတွင်းမှာပင် ပြန်အိပ်ပျော်သလို ဖြစ်သွားခဲ့
သည်။

အချိန်ဘယ်လောက် ကြာသွားခဲ့သလဲတော့ သူ
မသိ။အကြားအာရုံထဲ ဝင်လာခဲ့တဲ့ တခါးဖွင့်သံနဲ့
ခြေသံတိုးတိုး။ နိုးတဝက် အိပ်တစ်ဝက်မှာမို့
အိမ်မက်လား တကယ်လား သူသိပ်မသဲကွဲ။
အဒေါ်ကြီးကိုတော့ ဒီနေ့နားရက်မို့ အိပ်ယာထ
နောက်ကျမယ်ဆိုပြီး သန့်ရှင်းရေးဝင်မလုပ်ဖို့ကို
မနေ့ညနေက သူမှာခဲ့သားဘဲ..။

ဒါပေမဲ့ သူဘာမှ ရှည်ရှည်ဝေးဝေး ထပ်မတွေးနိုင်
သေးခင်မှာဘဲ ကိုယ်ပေါ်ကစောင်နဲ့အတူခန္ဓာကိုယ်
တစ်ခုလုံးဟာ အတင်းပွေ့ပိုက် ခံလိုက်ရသည်။

ရုတ်တရက်မို့ အလန့်တကြားဖြစ်သွားပေမယ့်
ဒါက ခဏပါဘဲ။ မျက်လုံးတွေ ဖွင့်မကြည့်ဖြစ်ရင်
တောင် ရင်းနှီးနေကျ ရေမွှေးနံ့။ ပြီးတော့ သိပ်ကို
ကျွမ်းဝင်နေတဲ့ ဒီအထိအတွေ့ အငွေ့အသက်တွေ။

Park Sunghoon ကလွဲရင် ဘယ်သူဖြစ်ဦးမှာတဲ့လဲ။

"အပြင်သွားမယ်လို့ ချိန်းထားပြီးမှ ဘာလို့ အခုထိ
ဆက်အိပ်နေသေးတာလဲ ဒီကလေးကတော့...."

အိပ်ယာတစ်ဖက်ခြမ်းဆီက အသံဟာ နားထဲကို
ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာလေတယ်။ သူ့ကို
စောင်နဲ့အလုံးလိုက်ထွေးကာ ဖက်ထားရင်းနေက
နေSunghoonဟာ ဖျစ်ညှစ်လာသည်။ ဒါပေမဲ့
သည်းခံနိုင်လောက်သေးတဲ့ အတိုင်းအတာမို့
မျက်လုံးမဖွင့်သေးဘဲ လျစ်လျူဆက်ရှုပြီး သူ
ဆက်အိပ်နေမိသည်။

Back To YouWhere stories live. Discover now