Eight

1.1K 146 22
                                    

သူ့လက်မောင်းပေါ်မှာ အိပ်မောကျနေတဲ့ပုံရိပ်ဟာ
အပြစ်ကင်းအေးချမ်းလို့။

အစက သူဒီမှာအိပ်ဖို့ အစီအစဉ်မရှိ။ မနေ့ညက
မူးပြီး အိပ်ပျော်သွားတဲ့ ကောင်လေးကို ကိုယ်
လက်သန့်စင်ပေးပြီး၊ သက်သောင့်သက်သာရှိတဲ့
အဝတ်လဲပေးပြီးတော့ သူ့အိမ်ဘက်သူ ပြန်လိုက်
မလို့ပါဘဲ။ဒါပေမဲ့ မမျှော်လင့်ဘဲ Sunoo က
ယောင်ပြီး ငိုနေခဲ့တယ်။ အဲ့ဒီလိုဖြစ်လာမှတော့
သူ Sunoo တစ်ယောက်ထဲ ဘယ်ထားခဲ့နိုင်တော့
မလဲ။

ညကသေချာလဲ မအိပ်ရသေးသလို၊ အချိန်ကလဲ
စောသေးတာမို့ ပြန်အိပ်ရမလား၊ မအိပ်ရဘူးလား
တွေးနေရင်း အနီးကပ်ဆုံးက မျက်နှာကို သူ
တစိမ့်စိမ့်ငေးနေမိသည်။ မျက်တောင်ရှည်တွေ
ဝန်းရံထားတဲ့ မျက်လုံးတွေက ညကငိုထားတဲ့
အရှိန်နဲ့ ခပ်မို့မို့ဖြစ်နေပြီးပါးပြင်နုနုဟာ နီထွေးလို့။တစ်ညလုံး သူ့လက်ပေါ်မှာ ပေးအိပ်ထားခဲ့တာမို့
Sunoo ခေါင်းအုံးထားတဲ့ သူ့လက်တစ်ဖက်ဟာ
ကျဉ်သလိုဖြစ်လာပေမယ့် နိုးသွားမှာစိုးတာ
ကြောင့် သူလှုပ်တောင်မလှုပ်ဖြစ်။ အိပ်မောကျ
နေတဲ့ မျက်နှာကိုဘဲဒီအတိုင်း သူငေးကြည့်နေမိ
တယ်။

Sunoo ကို သူအစစအရာရာ ကာကွယ်စောင့်
ရှောက် ပေးချင်တယ်..။ဖြစ်နိုင်ရင် ဘယ်သူမှ
မမြင်ရ၊ မတွေ့ရတော့အောင်ကို သူ့ရင်ခွင်ထဲမှာ
ဘဲ ဖွက်ထားလိုက်ချင်ခဲ့တာ..။

ဒီတစ်ခါတော့ ထပ်ဝေးသွားလို့ မရတော့ဘူး။

သူ့ဘဝမှာ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး
သူနောင်တ အကြီးအကျယ်ကို ရခဲ့တယ်။
တကယ်။ပြောမပြတတ်အောင်ကိုပါဘဲ။
သူချစ်နေခဲ့တယ်..။ ချစ်နေသားနဲ့ ဘာလို့များ
တွေဝေ မိုက်မဲမိခဲ့ရတာလဲ..။ သူ့ရဲ့စံချိန်စံညွှန်း
တွေ သတ်မှတ်ချက်တွေဆိုတာ ဒီလူသားနဲ့
ယှဉ်လိုက်ရင် ဘာမှအရေးမပါတော့ဘူးဆိုတာ
Sunoo အနားမရှိတော့ခါမှ ကောင်းကောင်း
နားလည်ခဲ့ရတယ်လို့..။

ပြီးတော့ တောင်းပန်ချင်ခဲ့တယ်..။ အဲ့ဒီမျက်ဝန်း
တွေကို သေချာကြည့်ရင်း သူဟာ အမြဲ ဒီတစ်
ယောက်ထဲကိုဘဲ ချစ်နေခဲ့တယ်၊ ဘယ်တော့မှ
နောက်တစ်ယောက်ဆိုတာမျိုး ရှိလာနိုင်မှာ
မဟုတ်ဘူး၊ ရှိလဲ မရှိခဲ့ဘူး ဆိုတာကိုပြောပြချင်
ခဲ့တာ..။

Back To YouWhere stories live. Discover now