Four

1.1K 161 36
                                    


"တစ်နှစ်ကြာပြီးမှ ထပ်ထွက်တဲ့ ဝတ္ထုရှည်ဆိုတော့
စာဖတ်ပရိသတ်တွေက အရမ်းမျှော်လင့်ထားခဲ့သလို မျှော်လင့်ထားတဲ့အတိုင်းလဲ Back To
Youက အရမ်းအောင်မြင်ခဲ့တယ်နော်...စာအုပ်
review တွေမှာဆိုလဲ ဒီဟာက Park Sunghoon shiရဲ့ masterpiece လို့တောင် ပြောကြတယ်...
အဲ့ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ.."

စာအုပ်အသစ်တစ်ခါထွက်တာနဲ့ အလုအယက်
လာဆက်သွယ်တတ်ကြတဲ့ မီဒီယာတွေကို ပုံမှန်ဆို သူ တော်ရုံလက်မခံတတ်။ ဒါပေမဲ့ အခု FMက
သူ့ရဲ့ စာအုပ်တိုက်နဲ့ ရှယ်ယာတူ လုပ်ငန်းစုဖြစ်နေတာမို့လို့ မျက်နှာသာပေးတဲ့အနေနဲ့ သူလက်ခံ
ဖြစ်တာ။ Host အစ်မကလဲ ခင်နေတဲ့သူ
ဖြစ်တဲ့ အပြင်စကားပြောလိုက်၊မေးခွန်းတွေ
ဖြေလိုက် ပေါ့ပေါ့ပါးပါးဘဲဆိုတော့ သူ့အတွက်
သိပ်ပြဿနာမရှိပါ...။

"ကျွန်တော်က ဒါကို စိတ်ဝိညာဉ်ရော၊ နှလုံးသား
တစ်ခုလုံးရော နှစ်ပြီးရေးခဲ့တာပါ၊ အဲ့ဒီခံစားချက်
တွေက တကယ်ပါ...လူကြိုက်များဖို့ဆိုတာက
တော့ အစထဲကမှ ကျွန်တော်ဘယ်တော့မှ မရည်
ရွယ်ဖူးပါဘူး..အရင် စာအုပ်တွေတုန်းကလဲ
ဒီအတိုင်းဘဲ...ကျွန်တော့် စာအုပ်တွေဟာ
အကျိုးအမြတ်တစ်စုံတစ်ရာကို လိုချင်တာထက်
ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို မျှဝေချင်ရုံတစ်ခုထဲပါ.."

Host က သူ့အဖြေကို ခေါင်းတဆက်ဆက်ညိတ်ပြ
ရင်းပြုံးသည်။ သူခပ်ဖွဖွ ပြုံးလိုက်မိတယ်။
ဒါဟာ အမှန်ဘဲ။ ဒီစာအုပ်ဟာ သူ့အနားမှာ အမြဲရှိ
စေချင်တဲ့ တစ်စုံတစ်ယောက်ကို အမှတ်ရပြီး
ခံစားချက်တွေကို စကားလုံးတွေ အဖြစ်နဲ့ ပြောင်းထားခဲ့တာ..။

"အင်္ဂလိပ်လိုနဲ့ ဂျပန်လို ဘာသာပြန် ပြန်ထုတ်ဝေ
မယ်လို့လဲ သိရတယ်..အဲ့ဒါကရော တကယ်လား၊
ဘယ်လို အခြေအနေရှိနေပြီလဲ... "

"ဟုတ်ပါတယ်...အဲ့ဒီကိစ္စတွေ အကုန်လုံးလဲ
ကျွန်တော့်companyက အခု ညှိနှိုင်းဆွေးနွေးနေ
ပါတယ်.."

"အရှေ့က ထွက်ခဲ့တဲ့ Yearning For Your Loveက
လဲ dramaပြန်ရိုက်မယ်လို့ ကြားနေတယ်..
အဲ့ဒါနဲ့ ပတ်သက်ပြီးရော ပြောပေးလို့ ရမလားဟင်
ကျွန်မက အဲ့ဒီဝတ္ထုရဲ့ အမာခံ fanပါ...
dramaအဖြစ် ပြန်မြင်ရဖို့ ကျွန်မကိုယ်တိုင်လဲ
တော်တော် မျှော်လင့်နေမိတာ...."

Back To YouWhere stories live. Discover now