"Graduation မှာ ပြန်တွေ့ကြမယ်နော်..
အားလုံးဘဲ ငါသွားပြီ......"သူငယ်ချင်းတွေကိုနှုတ်ဆက်နေတဲ့ သူ့မျက်နှာ
ဟာ ပျားရည် လောင်းထားသလိုဖြစ်နေမှာ။
ဆူညံနေတဲ့ သူငယ်ချင်းအုပ်စုကြား သူထွက်လာ
ခဲ့ပြီး ကားပါကင်ဆီကို ဖြည်းဖြည်းခြင်း
လျောက်လာလိုက်သည်။ဒီနေ့က နောက်ဆုံးစာမေးပွဲနေမို့
မနက်ဖြန်ဆို နားရက်တွေစပြီ...။
လမ်းတစ်လျှောက် တစ်ယောက်တစ်ပေါက်နဲ့
ရုတ်ရုတ်သဲသဲ ဖြစ်နေကြတဲ့ ကျောင်းသားတွေ
ကြားထဲ မျက်မှန်းတန်းမိတဲ့၊သူ့ကို နှုတ်ဆက်
လာတဲ့ လူတွေကို ပြန်လည်နှုတ်ဆက်ရင်း
သူ့နှုတ်ခမ်းမှာ အပြုံးတွေနဲ့။ကားပေါ်ရောက်တာနဲ့ အသည်းပုံမှတ်ထားတဲ့
contact ဆီကို သူ messageမြန်မြန်ပို့လိုက်သည်။
စာပြန်နိုင်ဦးမှာမဟုတ်မှန်းသိတာမို့ စောင့်မနေ
တော့ဘဲ ခါးပတ်ပတ်ပြီးတာနဲ့ သူကားမောင်း
ထွက်လာလိုက်တယ်။ ဒီနေ့က Sunghoon က ဘယ်လိုမှ မအား။ သူ့ကိုတောင် လာမကြိုနိုင်
သလို၊ ဖုန်းလဲကိုင်ဖြစ်မှာ မဟုတ်ဘူးလေ။Sunghoon အလုပ်ပြီးတဲ့အထိ သူငြိမ်ငြိမ်လေး
စောင့်ပြီး ပြီးတော့မှ ဒီနေ့လယ်အတွက်
booking လုပ်ထားတဲ့ စားသောက်ဆိုင်ကို
သူတို့သွားကြမယ်။ မနက်ဖြန် Andong
သွားလည်ဖို့အတွက်လဲ သူပြင်ဆင်ရဦးမယ်...။
နောက်အပတ် သူ့ရုပ်ရှင်စလွင့်ရင်လဲ သူတို့
အတူတူကြည့်ပြီး စကားတွေ အကြာကြီးပြောပြီး
ငြင်းရ ခုံရဦးမှာ...။သူ့ရဲ့ စိတ်ကူးတွေ၊ ပျော်ရွှင်မှုတွေဟာ
အမြဲ ရိုးရိုးရှင်းရှင်းဘဲ ဖြစ်တယ်။
ဖမ်းဆုတ်အကောင်အထည် မဖော်နိုင်သေးပေ
မယ့်လဲ ထိုရိုးရိုးရှင်းရှင်းစိတ်ကူးတွေဟာ
သူ့ကို တကယ်ပျော်စေပါတယ်..။~~~~~~~~~~~~~~~~~~~~~~~~~~~~
Andongက Seoul နဲ့ အရမ်းမဝေးပေမယ့်
လေထုနဲ့ ခံစားချက်ခြင်းတော့ တော်တော်ကွာခြားသည်။ သစ်တောတွေ၊ စိုက်ခင်းထူထူ
ထပ်ထပ်တွေအပြင် ရှေးဟောင်းလက်ရာ
အဆောက်အအုံတွေ၊ ပြတိုက်တွေ၊ ဘုံကျောင်း
တွေနဲ့မြို့။Seoulကနေ မနက်အစောကြီး နေမထွက်ခင်ထဲက
နေ ကားမောင်းလာခဲ့တာမို့ သူတို့ Andongကို
စောစောရောက်သွားကြသည်။ အဖိုးနဲ့အဖွားက
တော့သူတို့လာတာမို့ တော်တော်ကို ပျော်သွားရှာ
တယ်။အမြဲ ဧည့်သည်မျှော်နေခဲ့ကြတာ
မဟုတ်လား။
YOU ARE READING
Back To You
FanfictionPark Sunghoon- Kim Sunoo I lost something I want to keep forever and this time I'm not gonna let it go.