ဖုန်းမျက်နှာပြင်က လုံး ၀ဗလာသက်သက်။
ဘာဖုန်းcallမှ ဘာmsgမှဝင်မလာ..။
သူဖုန်းကို အိပ်ယာပေါ်ကို ပစ်ပေါက်လိုက်ပြီး
အိမ်အောက်ထပ်ကို ပြေးဆင်းလာလိုက်တယ်..။Suwon မှာ သူရှိနေခဲ့တာသုံးရက်...သုံးရက်တောင်
ကုန်သွားခဲ့ပြီ...။ဒီနေ့ဟာ ၄ရက်မြောက်နေ့...။Andongက ပြန်ရောက်ပြီး နောက်နေ့
ကိုယ်ပိုင်အချိန် လိုချင်လို့ဆိုပြီးmsgပို့ပြီး
ပျောက်သွားတဲ့သူ့ကို Sunghoon ဟာ
ထူးထူးဆန်းဆန်း အခုထိမဆက်သွယ်လာခဲ့ပါ။
သမီးရည်းစားတွေကြား personal space
လိုချင်တာကို နားလည်ပေးတဲ့အနေနဲ့
အဆက်အသွယ်မလုပ်တာလားလို့ ထင်စရာရှိ
ပေမယ့် သူနဲ့ပတ်သက်လာရင် ပုံမှန်ဆို
Park Sunghoon က အဲ့ဒီလိုလူမျိုးမှ မဟုတ်တာ...။"သား...ဘယ်သွားမလို့လဲ...မနက်စာ
စားဦးနော်....."အောင်ထပ်ကို ရောက်တော့ ဖေဖေနဲ့မေမေက
Resort ဘက်သွားဖို့ပြင်နေကြပြီ။
သူတစ်ခုခုပြောမှာကို စောင့်နေသလို၊
သူ့ကို တစ်ခုခုပြောချင်သလို ပုံစံရတဲ့
မိဘနှစ်ပါးရဲ့ အခြေအနေကို သူရိပ်မိပေမယ့်
လောလောဆယ် ကိုယ်တိုင်က ရှုပ်ထွေးနေတာမို့
စကားပြောဖို့ သူအဆင်သင့်မဖြစ်သေးသလို
သူတို့ကလဲ သူ့ကိုနားလည်ပုံရသည်။"ကမ်းခြေနား ခဏလမ်းသွားလျှောက်ဖို့တင်ပါ..ပြန်လာရင် စားလိုက်မယ် မေမေ..."
မေမေ့ကို ပြောပြီးတာနဲ့ သူအိမ်ထဲကနေ အပြင်
ထွက်လာလိုက်သည်။Suwonကို ရုတ်တရက်ကြီးသူတစ်ယောက်ထဲ
ရောက်ချလာတော့ မေမေကမေးလာပါတယ်။ Sunghoonနဲ့ တစ်ခုခုဖြစ်လို့လားတဲ့..။
ရယ်စရာကောင်းတာတစ်ခုက သူအဆင်ပြေပါ
တယ်ပြောတာကို ယုံပုံမရ။ ဒါပေမဲ့လဲ
သူ့ကို စိတ်ညစ်အောင် မလုပ်ချင်ပုံမျိုးနဲ့
ဘာမှ ထပ်မမေးဘဲ လူကြီးတွေဖြစ်လာပြီမို့
ပြဿနာတစ်ခုခုဆို ရှောင်မနေတော့ဘဲ
နှစ်ယောက်သား အဆင်ပြေတဲ့အထိ သေသေ
ချာချာစကားပြောကြပြီ ပြန်ဖြေရှင်းကြဖို့သာ
အကြံပေးလာပါတယ်။ဒါပေမဲ့ Park Sunghoonနဲ့ ပတ်သက်လာရင်
ကိုယ့်ကိုကို ယုံကြည်ချက်သူ့မှာ တကယ်မရှိ။
ကြောက်စိတ်နဲ့ အတူရင်မဆိုင်ရဲဘဲ ရှောင်ထွက်ပြေးချင်မိစဲပင် ဖြစ်သည်။
YOU ARE READING
Back To You
FanfictionPark Sunghoon- Kim Sunoo I lost something I want to keep forever and this time I'm not gonna let it go.