သူကားကို လမ်းထဲကွေ့ချလိုက်တော့ သူ့ရှေ့
မလှမ်းမကမ်းမှာ Sunoo ကားကို လှမ်းတွေ့သည်။
ပုံစံအရတော့ ကျောင်းကပြန်လာတာပင်။
ပုံမှန်ဆို အလုပ်ကိစ္စရှိရင် Sunoo က သူ့ မန်နေဂျာ
ဖြစ်သူ ကားနဲ့သာသွားတတ်သည်ဆိုတော့။ကားရပ်ပြီးတာနဲ့ အိမ်ပေါ်ကိုတတ်ကာ ပစ္စည်းတွေ
ထားပြီး၊ အဝတ်လဲပြီးတာနဲ့ သူချက်ချင်း ခြံထဲ
ပြန်ဆင်းခဲ့လိုက်သည်။ ခြံတံခါးမကြီးဆီထိ သွားမနေတော့ဘဲ ခြံနှစ်ခုကြားက သစ်သား တံခါးလေး
ဆီကပင် သူSunoo တို့ခြံဘက်ကူးလာလိုက်တယ်။
ငယ်ငယ်တုန်းကတော့ ဒီတံခါးလေးဆီကဘဲ ဟို
ဘက်ခြံနဲ့ ဒီဘက်ခြံကို အခေါက်ခေါက်အခါခါ
ကူးကြရင်း သူတို့ တစ်ချိန်လုံး အမြဲတွေ့နေကြ။
အခုအခါမှတော့ တစ်နေ့တစ်ခေါက် တွေ့ဖို့ကို
တောင်တော်တော် ခက်လာသလိုပါဘဲ။အလွတ်ရနေတဲ့ password ကို ရိုက်ထည့်ပြီး
သူအိမ်ထဲဝင်သွားတော့ Sunoo က အောက်
ထပ်မှာ မရှိသလို ဘယ်သူ့ကိုမှ မတွေ့။ ကြည့်ရတာ အဒေါ်ကြီးကလဲ နားရက်ဖြစ်ပုံရသည်။
Sunoo အခန်းဆီကို တတ်သွားရင်း လော့မချထားတဲ့ အခန်းထဲကို သူဒီအတိုင်းဝင်လာတော့
ရေချိုးခန်းဆီက ရေသံသဲ့သဲ့ကြားသည်။စာကြည့်စားပွဲပေါ်ဝင်ထိုင်ရင်း အခန်းပတ်ဝန်း
ကျင်ကို သူဘာရယ်မဟုတ်ဘဲ ဝေ့ပတ်ကြည့်
လိုက်မိတယ်။တကယ်ဆို ဒီအခန်းကို မျက်စိမှိတ်
ထားရင်တောင် ဘယ်နားမှာ ဘာရှိလဲ အလွတ်ရ
သည်အထိသူရင်းနှီးပါသည်။ ဟိုးအရင်က
အတိုင်းလိုဘဲ Sunoo အခန်းဟာ အခုထိလဲ ဘာမှ ထူးထူးခြားခြား မပြောင်းလဲ။ သပ်သပ်ရပ်ရပ်နဲ့ အကုန် သန့်ရှင်းနေပြီး Sunoo နှစ်သက်တဲ့
လတ်ဆတ်တဲ့ ရနံ့တစ်ခုကို အခုထိ သုံးထားဆဲပင်
ဖြစ်သည်။ သူမှတ်မိသေးတယ်။ သူတို့ ငယ်ငယ်
တုန်းက တခြားရွယ်တူသူငယ်ချင်းတွေရဲ့အခန်း
ဟာ ဘယ်လောက်ရှုပ်ရှုပ်၊သိပ်ကို အသန့်ကြိုက်တဲ့ သူတို့နှစ်ယောက်ရဲ့ အခန်းကတော့ အိမ်ကအထူး
တလည် မရှင်းပေးဖြစ်ရင်တောင် အမြဲသန့်ရှင်းနေတတ်တာ။သူအတွေးများနေတာမို့ ရေချိုးခန်းတံခါးပွင့်လာတာကိုတောင် မသိလိုက်။ bathrobe ဝတ်ထားတဲ့ Sunoo ဟာ ရေချိုးခန်းထဲကနေ ရေစိုဆံပင်တွေနဲ့
ထွက်လာတယ်။ သူ့ကိုမြင်တော့ မျက်ခုံးပင့်သွား
ပေမယ့် အထူးတလည်ထူးဆန်းတဲ့ ပုံတော့မပြ။
YOU ARE READING
Back To You
FanfictionPark Sunghoon- Kim Sunoo I lost something I want to keep forever and this time I'm not gonna let it go.