Seven

1K 154 18
                                    


Sunghoon အခန်းထဲဝင်လာတာကို မြင်တာနဲ့
သူ့မန်နေဂျာရော၊ Make-up artistရောက
သူ့ကို ကြည့်ရင်းပြုံးစိစိနဲ့။ Sunghoonကတော့
သိပုံမပေါ်။ သူ့မှာဘဲ သူတို့ကို တမင်လိမ်နေ
သလို နေရခက်လှတာ။

အရင်ကလဲ မန်နေဂျာ Noonaက ဘာရယ်
မဟုတ်ဘဲ ချစ်သူစုံတွဲတွေတောင် Sunooတို့
သူငယ်ချင်းနှစ်ယောက်လောက် မရင်းနှီးကြဘူး
နော်ဆိုပြီး အမှတ်တမဲ့ပြောလာဖူးသည်။အဲ့ဒီ
တုန်းကလဲ ရယ်ရုံသာရယ်နိုင်ပြီး သူ့မှာပြန်ပြော
စရာ မရှိ။

"Sunghoon ရောက်လာပြီဆိုတော့ Noonaတို့
ပြန်လိုက်တော့မယ်နော်...Sunoo.."

"ဟုတ်.ဟုတ်.Noona...ဂရုစိုက် ပြန်ကြပါ..."

သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီးနောက်
Noonaတို့ နှစ်ယောက်လုံးက အခန်းထဲက
ထွက်သွားသည်။ တံခါးပိတ်သံအဆုံးမှာ
ကလစ်ခနဲကြားလိုက်ရတဲ့ အသံအရ လော့ဒ်ပါ
ချပေးခဲ့တာဘဲ။ Park Sunghoonက အဲ့ဒါကို
သတိထားမိပုံရပေမယ့် ဘာမှမဟုတ်သလို
ခပ်တည်တည်ဘဲ။

"Sunoo....သွားစရာရှိတယ်ဆိုတာက
ဘယ်ကိုလဲ..."

သူSunghoonဘက်လှည့်ကြည့်တော့ ဒီအတိုင်း
ပေါ့ပေါ့ပါးပါးပုံစံမျိုးမို့လို့ တစ်နေရာရာကို
သွားပြီးမှ သူ့ဆီဝင်လာတာမျိုးမဟုတ်ဘဲ
အစထဲက သူ့ဆီ တမင်ရည်ရွယ်ပြီးလာပုံရသည်။

"ကျောင်းက သူငယ်ချင်းတွေနဲ့ သွားသောက်ကြဖို့
ချိန်းထားတာ..Hyung."

အစက သူချိန်းထားတာလဲရှိသလို ကားလဲမယူ
လာခဲ့တာမို့ သူ့မန်နေဂျာဖြစ်သူကိုဘဲ လိုက်ပို့ခိုင်း
မလို့ပါဘဲ..။ ဒါပေမဲ့ Sunghoon ကရုတ်တရက်
ကြီး သူ့ကို လာကြိုမယ်ဆိုပြီး ဖုန်းဆက်လာတယ်။
သွားစရာရှိလို့ လာမကြိုပါနဲ့လို့ သူပြောပေမယ့်လဲ
Park Sunghoon က သူ့ဆီ ဖုန်းဆက်လာထဲကိုက
လမ်းတဝက်ကို ရောက်နေပြီ။

"ကိုယ်လိုက်ပို့မယ်၊အပြန်လဲ ကိုယ်ဘဲ လာကြိုမယ်
ပြန်လာတော့မယ်ဆို ဖုန်းဆက်လိုက်..."

ဒီလိုဆိုလာမှတော့ သူကဘယ်လိုငြင်းနိုင်မှာလဲ။
လိုက်ပို့တာက ကိစ္စမရှိပေမယ့် အပြန်ကိုယ့်ဘာသာကို ပြန်လာမယ်ဆိုရင်လဲ Sunghoonက
လက်ခံမှာ မဟုတ်။ နည်းနည်းလေးပြောမရရင်
Suwonမှာရှိနေတဲ့ သူ့အဖေနဲ့ အမေကို
အကြောင်းပြပြီး ချိန်းခြောက်ဦးမှာ။

Back To YouWhere stories live. Discover now