Two

1.3K 175 20
                                    

ခပ်ထူထူ album ထဲမှာ Polaroid ပုံတွေဟာ အပြည့်။ ပုံထဲက ဖြူစင်ကြည်လင်တဲ့ အပြုံးတွေနဲ့ ဆယ်ကျော်သက်တွေ။ အုပ်စုလိုက်ပုံ၊ နှစ်ယောက်
တွဲပုံတွေဟာလဲ အတော်များပေမယ့် အများစုကတော့ မျက်ဝန်းတွေပိတ်အောင် ပြုံးရယ်နေတဲ့
မက်မွန်သီးလို ပါးပြင်တွေပိုင်ရှင်ရဲ့ ပုံတွေကသာ
နေရာယူထားခဲ့တယ်။

တစ်ပုံချင်းစီကို သေချာကြည့်နေတုန်း တံခါး
ခေါက်သံ တိုးတိုးကြောင့် သူ album ကို အသာ
ပိတ်လိုက်ပြီး အံဆွဲထဲ ပြန်ထည့်လိုက်သည်။
ခဏအကြာမှာ ဝင်လာပြီလို့ အသိပေးသံနဲ့အတူ
မက်မွန်သီးလေးဟာ သူ့အခန်းထဲကို မြန်မြန်ဘဲ
ရောက်ချလာတယ်။

"အလုပ်လုပ်နေတာလား....ပြန်ထွက်သွားရမလား
ဟင်.."

"မလုပ်ပါဘူး...ရောက်လာပြီးတော့မှတော့ ဘယ်လိုပြန်ထွက် သွားဦးမလို့လဲ..."

Sunoo က အနားရောက်လာပြီးမှ ပွင့်နေတဲ့ သူ့
ကွန်ပျူတာကို မြင်ပြီး အလုပ်လုပ်နေတယ်ထင်
သွားတာမို့ တုန့်ခနဲဖြစ်သွားတယ်။ သွားမလိုလို၊ လာတော့မလိုလို လုပ်နေတာမို့ သူထိုင်နေရာက
ထရပ်ကာ လက်ဆွဲပြီးသူ့အနားက ခုံမှာထိုင်စေ
တော့ အလိုက်သင့်လေးပါလာသည်။

"ရောက်နေတာကြာပြီလား.."

"အင်း နည်းနည်းကြာပြီ...မာမီနဲ့ စကားထိုင်ပြောနေလို့ အပေါ်မတက်လာဖြစ်သေးတာ..."

ဖေဖေနဲ့ မေမေက ဒီမနက် ခရီးကနေပြန်ရောက်
လာတာမို့ ရောက်ရောက်ချင်းကို သူတို့ရဲ့ အချွဲတုံး
Kim Sunoo ကို ခေါ်တွေ့ပုံရသည်။ အရင်ထဲက
သူ့အိမ်ကို Sunoo ဟာ သူ့အိမ်သူ့ယာလို နေနေကျ
ဖြစ်သလို သူ့မိဘတွေကိုလဲ ဒယ်ဒီ၊ မာမီလို့ဘဲ
ခေါ်နေကျ။ သိပ်မရင်းနှီးတဲ့လူဆိုရင် မိဘတွေနဲ့ ဘာသိဘာသာနေတတ်တဲ့ သူ့ထက် အမြဲချွဲပြီး
ပူးပူးကပ်ကပ်ဖြစ်နေတတ်တဲ့ Kim Sunoo ကိုသာ သားအရင်းလို့ ထင်တတ်သေးတာ..။

"ဒီနေ့လည် Magazine အတွက်photo shootက
အဆင်ပြေလား..."

"အွန်း...ပြေပါတယ်..Photographer ကရိုက်နေကျသူဘဲမို့ ဘာမှသိပ်ညှိစရာမလိုလိုက်ဘူး..ဒါပေမဲ့
အတန်းတော့ တစ်ချိန်ပျက်သွားတယ်."

"အလုပ်က အလုပ်ပေါ့၊ ပညာရေးနဲ့ ကျန်းမာရေး
ကိုတော့ မထိခိုက်စေနဲ့လေ၊ အခုထိ ကျောင်းနား
လိုက်၊ကျောင်းပြောင်းလိုက်နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲက ရရမယ့်ဘွဲ့က အခုထိ မရနိုင်သေးဘူး...နောက်ဆုံးနှစ်ဖြစ်နေပြီ သေချာအာရုံစိုက်
တော့...ပြီးတော့ ကျန်းမာရေးရော.."

Back To YouWhere stories live. Discover now