သက်သောင့်သက်သာရှိတဲ့ အခန်းအပူချိန်ပေမယ့် သူ့လက်မှာတော့ ချွေးစီးတွေနဲ့။ အပ်ကျသံတောင်
မကြားရအောင် တိတ်ဆိတ်လွန်းထဲအခန်းထဲ
လူနှစ်ယောက်ရှိနေပေမယ့် အဓိက ပြောရမယ့်
ကိစ္စနဲ့ ပတ်သက်ပြီးသူတို့ ဘယ်သူမှ
ဘာစကားမှ မဆိုမိကြသေး။Heeseung hyungက အေးအေးဆေးဆေးဘဲ
သူ့ကိုစိုက်ကြည့်လျက်။ ရေသေတွေလိုငြိမ်နေတဲ့
ဝိုင်းစက်တဲ့ မျက်ဝန်းတွေက တည်တည်ငြိမ်ငြိမ်။
သူ့ထုံးစံအတိုင်း ဘယ်လိုတုန်လှုပ်စရာ၊အံဩစရာ
ကိစ္စရှိရှိစိတ်ခံစားချက်ကို အမြဲထိန်းထားနိုင်တဲ့ပုံစံ
ဘဲ။ဂနာမငြိမ်ဘဲ ဘာပြောရမှန်းမသိဖြစ်နေခဲ့တာက သူ။
"Sunoo ပြောပြလို့ အဆင်မပြေတာမျိုးဆို
ကိုယ်အတင်းအကြပ်မလုပ်ပါဘူး အစ်ကို
တစ်ယောက်အနေနဲ့ စိတ်ပူတာက ပူတာ
တစ်ပိုင်းပေမယ့် Sunoo မသိစေချင်တာကို
သိအောင်လဲကြိုးစားမှာ မဟုတ်ပါဘူး..ကိုယ်က ဆရာဝန်တစ်ယောက်ပါ..လျှို့ဝှက်စောင့်ထိန်း
ရမယ့် ကျင့်ဝတ်တွေကို ကိုယ်နားလည်ပါတယ်။
Sunoo မသိစေချင်တဲ့ ဟာမျိုးဆို ကိုယ်က
ဒီအတိုင်းဘဲ မသိချင်ယောင်ဆောင်ပေးထားမှာပါ
ဒါပေမဲ့ တစ်ခုသိထားစေချင်တာက ဘာကိစ္စဘဲ
ဖြစ်ဖြစ် ကလေးတစ်ယောက်ထဲ ရင်ဆိုင်နေစရာ
မလိုပါဘူး..လိုအပ်တယ်ဆို Hyungက
အချိန်မရွေး Sunoo အတွက်ရှိပါတယ်..အဲ့ဒါ
လေးပါဘဲ....""ကျွန်တော်...ကျွန်တော်က..."
သူဘာမှ ဆက်မပြောနိုင်။ အလိုက်တသိ
အနားရောက်လာတဲ့ Heeseung hyung
ရင်ခွင်ထဲကို တိုးဝင် မျက်နှာအပ်မိတော့
Heeseung hyung ကဖွဖွလေးပြန်ဖက်ထားတယ်။
ဘာစကား တစ်ခွန်းမှတော့မပြော။နံရံအဖြူပေါ်က နာရီလက်တံရွေ့သံက
တတောက်တောက်နဲ့..။ ဒီအတိုင်းနေနေမိတာ
မိနစ် နည်းနည်းကြာသွားမယ် ထင်တယ်..။
Heeseung hyung ဆီကနေခွာပြီး
ကိုယ့်ဘာသာကို တည်တည်ငြိမ်ငြိမ်
သူပြန်ထိုင်လိုက်တယ်..။စိတ်ဟာဗလာနတ္ထိ..။
ခေါင်းထဲစကားလုံးတွေပြန်စီတယ်..။
ဒီ Hyungကို ပြောပြမယ်ဆိုပြီး စိတ်ကူးရှိခဲ့လို့ဘဲ
သူဒီကိုပါလာခဲ့တာဘဲ။ဒါပေမဲ့ သူဘယ်ကစပြောသင့်ပါသလဲ..။
သူရဲ့ ဆွေးနွေးမှုခံယူနေရတဲ့ စိတ်ကျရောဂါ
အကြောင်းကို Heeseung hyungစိတ်မပူရအောင်၊ သူဘယ်လို ဖော့ပြီး ပြောပြသင့်သလဲ။
YOU ARE READING
Back To You
FanfictionPark Sunghoon- Kim Sunoo I lost something I want to keep forever and this time I'm not gonna let it go.