နှပ်ထားတဲ့ အိုးထဲက ကော်ဖီနံ့ သင်းသင်းဟာ
နေ့လယ်ခင်းလေပြည်နဲ့ အတူ သူတို့ထိုင်နေကြတဲ့
ပန်းခြံအတွင်း ပျံနှံလျက်။အရိပ်ရတဲ့ တတိုင်းမွှေးပင်ကြီးအောက်က
နေ့လယ်ခင်း ကော်ဖီဝိုင်းမှာ သူ့မိသားစုနဲ့အတူ
Sunoo ပါရှိနေခဲ့သည်။ ဖြူဖွေး ပြောင်လက်နေတဲ့ ကျောက်စားပွဲပေါ်ရှိ ပန်းကန်ပြားတွေထဲက
အဆာပြေမုန့်တွေက အတော်လျော့နေခဲ့ပြီ။
သူတို့ ထိုင်နေကြတာလဲ အချိန်နည်းမှ မနည်းတော့တာ။ သူ့လက်ထဲရှိခွက်ထဲက ကုန်နေပြီဖြစ်တဲ့
ကော်ဖီကို ဆက်ယူရမလား၊ မယူရဘူးလား
တွေဝေနေတုန်း မာမီ့အသံကထွက်လာသည်။"အင်းကွယ်..အခုချိန်ထိ ဘာလို့ ကြေးများပြီး
ဟိုလူ့ကို မကြိုက်၊ ဒီလူ့ကို မတွေ့ကြည့်ချင်
ဖြစ်နေတာလဲ မသိပါဘူး..Sunoo မှာတောင်
ချိန်းတွေ့နေတဲ့ လူရှိသေးတယ်..မင်း ကိုကို
မှာတော့ဖြင့် တွေ့ရုံတွေ့ကြည့်ဖို့ကိုတောင်
အကျောက်အကန်ငြင်းနေတာ ဘယ်နှစ်ခေါက်
တောင် ရှိနေပြီလဲ..ငယ်ငယ်တုန်းကတော့ အသက်
နှစ်ဆယ်ကျော်တာနဲ့ မြန်မြန်လက်ထပ်ပြီး
ကလေးတွေနဲ့ မိသားစုလိုချင်တာဆိုပြီးတော့..."မာမီက ညီးညီးညူညူပြောပြီးတာနဲ့ လက်ထဲက
ကော်ဖီခွက်ကို အသာယူသောက်သည်။
သူ Sunoo ကို ကြည့်တော့ Sunoo က ဘာမှ
ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေတယ်။
သူမျက်နှာ ကွက်ခနဲပျက်သွားတာကို
သူ့အခြေအနေကို သဘောပေါက်နေပုံရှိတဲ့
ဒယ်ဒီဘဲ မြင်လိုက်ပုံရသည်။"သားကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့ မိန်းမရယ်..
သူလဲ သူ့ဘာသာသူ သူ့အတွေးနဲ့သူရှိမှာပေါ့..""အို..အခုချိန်ထိ ရည်းစားတောင် တစ်ယောက်မှ
မထားဖူးလို့ စိတ်ပူလို့ပြောတာလေ....
သဘောကျတဲ့လူတွေ့တာနဲ့ ချက်ချင်း
အိမ်ခေါ်လာပါလို့လဲ ပြောသားနဲ့....
သူဘယ်လို လူမျိုးကို ကြိုက်ကြိုက်၊ ဒီ အဖေနဲ့
အမေက လက်ခံမှာဘဲကို....."မာမီကပြောရင်း မျက်စောင်းထိုးတော့
ဒယ်ဒီက သဘောတကျရယ်သည်။
သူ့မိဘတွေ တစ်ယောက်ကို တစ်ယောက်
သိပ်ချစ်ကြတာကို ဘယ်သူမှ မှီမည်သူမထင်ပါ။
ဒယ်ဒီဘယ်ကို ခရီးသွားသွား မာမီက
အမြဲ တကောက်ကောက်လိုက်နေကျ။
အခုလဲ ဒီညနေ နှစ်ယောက်သား သူ့ကိုထားပြီး
ဂျပန်ကို သွားကြဦးမှာ..။
YOU ARE READING
Back To You
FanfictionPark Sunghoon- Kim Sunoo I lost something I want to keep forever and this time I'm not gonna let it go.