"တကယ် အဆင်ပြေပါတယ်ဆို....ကြည့်လေ
ကျွန်တော် အခုလဲ အဆင်ပြေနေတာဘဲကို....""ဒါပေမဲ့လဲ..."
သူ့စကားကို ဘဝင်မကျဟန်နဲ့ ထပ်အထွန့်တက်
ချင်ပေမယ့် အချိုပွဲလာချပေးတဲ့ စားပွဲထိုးမိန်း
ကလေးကြောင့် Jasonက ပြောလက်စကို
ရပ်လိုက်သည်။ညစာ အတူစားကတည်းက
တစ်လျှောက်လုံးလဲ သူအဆင်ပြေရဲ့လားဆိုတဲ့
တစ်ခုကိုဘဲ မေးနေတာ ထပ်ခါတလဲလဲ။
မျက်စိရှေ့လာချပေးတဲ့ ချောကလက်ကိတ်ကို
မစားသေးဘဲ ဇွန်းနဲ့ဖွဖွထိုးရင်း သူဒီအတိုင်း
နေနေမိသည်။"ကိုယ်မင်းကို မပင်ပန်းစေချင်တော့ဘူး....
နှစ်တွေကြာပြီဆိုပေမယ့်လဲ..အင်း..မသိဘူး..
ခံစားချက်ဆိုတာမျိုးက ပြောလို့ရတဲ့အရာ
မဟုတ်ဘူးလေ..ဒီလူနဲ့ ပတ်သက်ပြီး ဘာမှမဖြစ်
တော့ပါဘူး ကိုယ့်ကိုကို ဘယ်လိုထင်ထင်...
ကိုယ်ထင်ထားသလို ဖြစ်မလာတာမျိုးတွေ
က အများကြီးဖြစ်လာနိုင်တယ်..သူက
မင်းကို မချစ်ဖူးလေ Sunooရယ်...သူ့အနား
ပြန်ရောက်လာပြီးမှ မင်းထပ်နာကျင်ရမှာမျိုး
ဖြစ်လာမှာ ကိုယ်တကယ် စိတ်ပူတယ်...."Jasonက သက်ပြင်းချပြီးပြောလာတယ်။ ကိတ်ကို
သေးသေးလေး ဖဲ့စားရင်း သူခေါင်းတဆက်ဆက်
ညိတ်ပြလိုက်သည်။ Jason သူ့ကို စိတ်ပူတယ်ဆို
တာကို သူသိပေမယ့် ရယ်စရာကောင်းတာက
Jason လဲ သူ့လိုဘဲ ဘာမှမထူးဘူး။ပြန်မတွဲနိုင်တော့တာကို သေချာပြောပြထား
ပေမယ့် Jasonက အခုထိ သိပ်လက်ခံချင်ပုံ
မပေါ်သေး။ သူဒီကို ပြန်ရောက်လာတာမို့
အမေရိကားမှာဘဲ အခြေချမယ်ဆိုတဲ့သူက
ဒီအထိကို လိုက်လာတာကိုဘဲ ကြည့်။လက်မလွတ်
နိုင်သေးဘဲ နောက်တစ်ကြိမ် ပြန်ကြိုးစားချင်ပါ
တယ်ဆိုတဲ့ ဒီရည်းစားဟောင်းကို စိတ်မကောင်း
တာကလွဲပြီး သူဘာမှလဲ မလုပ်ပေးနိုင်ပါ။"အင်း...အဲ့ဒီလိုဘဲ ကျွန်တော်လဲ Jကို မပင်ပန်း
စေချင်တော့ဘူး။ ပြီးတော့ J က သူက
ကျွန်တော့်ကို မချစ်ဘူးလို့ ဘယ်လိုပြောပြော
ကျွန်တော်ကလဲ ထပ်တလဲလဲပြောနေကြအတိုင်း
ထပ်ပြောရမှာဘဲ သူက ကျွန်တော့်ကို ချစ်ပါတယ်
ကျွန်တော်က သူလိုချင်တဲ့လူမျိုး မဟုတ်ခဲ့တာ
တော့ ကျွန်တော့်ကံဘဲပေါ့..ဒီလောက်ပါဘဲ..."
YOU ARE READING
Back To You
FanfictionPark Sunghoon- Kim Sunoo I lost something I want to keep forever and this time I'm not gonna let it go.