Ten

1.1K 158 33
                                    


နေ့ရက်တွေတိုင်းက သိပ်ကိုချိုမြိန်တာပါဘဲ..။
နှစ်ပတ်။နှစ်ပတ်တောင်ရှိပြီ..။
Park Sunghoonက သူ့ချစ်သူဖြစ်လာတာ..။

တစ်သက်လုံးလိုချင်ခဲ့ပေမယ့် မရနိုင်တော့လို့
လက်လွတ်ခဲ့ရတဲ့ အရာတစ်ခုကို မမျှော်လင့်ဘဲ
ပိုင်ဆိုင်ရတဲ့အခါ တကယ်ဆိုတာ သူအခုထိ
တောင် မယုံနိုင်ဘူး။

သူအရမ်းပျော်နေခဲ့တာကို အားလုံးက
မြင်နေရတယ်။ သူကိုယ်တိုင်လဲ အရမ်း
ပျော်နေတာကို ဖုံးဖိလို့မရခဲ့ဘူး။ ဒါပေမဲ့
ဘယ်သူမှသိမှာမဟုတ်တဲ့ သူကိုယ်တိုင်ဘဲ
နားလည်တဲ့ စိုးရိမ်မှုတစ်ခုဟာ သူ့ရင်ထဲ
ပြည့်ကျပ်လို့။ သူ့ကို ကိုကို လိုချင်တာ
တကယ်ရော ဟုတ်ပါ့မလား။ ဒါက အိပ်မက်ဆို
ဘယ်လိုလုပ်မလဲ။ အဲ့ဒီလိုအတွေးကြောင့်လဲ
သူ အိပ်မပျော်နိုင်။ နိုးလာလို့ အိမ်မက်ဖြစ်နေမှာ
ကို သူရူးအောင်ကြောက်တယ်..။

အဲ့ဒီလောက်မြန်မြန်ဆန်ဆန်ကြီးPark Sunghoon
ကသူ့အပိုင်လူဖြစ်လာတာမျိုးကို သူမယုံပါဘူး..။
စိတ်ထဲမှာ သံသယတွေရှိနေပေမယ့် အခုအခြေ
အနေကိုလဲ သူလက်မှ မလွတ်နိုင်တာ။အဲ့ဒီတော့
အရာရာမေ့ထားပြီး အိမ်မက်ဆိုလဲ သူဘယ်တော့
မှမနိုးတော့အောင်ဘဲ သူကြိုးစားတော့မှာ...။

....................

မီးလင်းနေတဲ့ ထမင်းစားခန်းထဲ သူရောက်သွားတော့ ထင်တဲ့အတိုင်း Sunoo ကရှိနေခဲ့တယ်။
ဖွင့်ရက်သား laptopရှေ့ငြိမ်ငြိမ်လေးထိုင်ရင်း
စာအုပ်တွေကလဲ စားပွဲပေါ် ပွရက်သား။
သူလာတာကိုဘဲ သတိမမူမိတာလား၊ ဒါမှမဟုတ်
သူမှန်းသိနေလို့ဘဲ တမင်မလှည့်ကြည့်တော့တာလားတော့ သူမသိ။ သူ့အာရုံနဲ့သူငြိမ်လျက်။

ဖြည်းဖြည်းခြင်း အနားလျှောက်သွားရင်း
ယူလာတဲ့အိတ်ကို သူစားပွဲပေါ်တင်တော့မှ သူ့ကို
Sunoo က လှည့်ကြည့်လာသည်။
သန်းခေါင်ကျော်တဲ့အထိ မအိပ်ရသေးတာကြောင့်
မျက်လုံးတွေကအရည်လဲ့ကာ ခပ်နီနီဖြစ်လို့။
ပြုံးပြလာတဲ့ပါးမို့မို့တွေက နည်းနည်းချောင်ကျ
သွားတာကိုသတိထားမိပြန်တော့ သူစိတ်မကောင်းဖြစ်ပြီး သက်ပြင်းတိုးတိုးချရပြန်တယ်။

Sunoo ရဲ့ Final စာမေးပွဲလဲ မြန်မြန်ပြီးမှပါ။
မဟုတ်ရင် ကလေးကို ဒီလို စိတ်ပင်ပန်း၊
လူပင်ပန်းပုံစံနဲ့မြင်ရတာ သူတော်တော်
အဆင်မပြေတော့ဘူး။

Back To YouWhere stories live. Discover now