Part 1

443 23 0
                                    

မနက်ခင်းနေရောင်ကဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ဆင်းလာရမှာပျင်းနေသလို ဒါပေမယ့်ဒါကသူ့တာ၀န်ဆိုတော့မကြာခင်မှာပဲနေရောင်က ကျယ်ပြန့်လာသည်။
မနက်ခင်းနေရောင်ဆိုပမယ့်ပူတာကို‌တော့ငြင်းမရပေ။ Haechanနာရီကိုကြည့်ပြီး ခြေလှမ်းတို့ကိုအရှိန်တင်လိုက်သည်။

'ဟာ အလုပ်နောက်ကျရင်တော့အဘိုးကြီးဆီက အကောခံ‌‌ရတော့မှာပဲ'

တွေးမိပြီး အဘိုးကြီးမျက်နှာမြင်ယောင်မိတော့ခြေလှမ်းတို့ကိုပိုအရှိန်တင်ကာပြေးရတော့သည်။
Cherry Boomဆိုတဲ့ building ရှေ့ရောက်တော့သုံးမိနစ်ပဲလိုတော့သည်။
သွားပြီ ဟယ်ချန်းရေပြေးပေတော့





Building car parkingမှာတော့ Mark Leeတစ်ယောက် necktieကိုပုံစံပြင်ရင်းမျက်နှာသေဖြင့်ကားပါ်မှဆင်းလာသည်။

ဗန်ကူးဗားကရုံးခွဲမှာ အဆင်ပြေပါရဲ့သားနဲ့ကိုကြီးရဲ့Koreaကိုလည်းပြန်လာခဲ့ဦးဆိုတဲ့တစ်ချက်လွှတ်အမိန့်ကြောင့်ပြန်လာခဲ့ရခြင်းဖြစ်သည်။

Markကဘယ်သူ့မှသာဂရုမစိုက်တာကိုကြီးကိုတော့လေးစားရိုသေသည်။
ကိုကြီးတစ်ခွန်းဆိုတစ်ခွန်းပဲအဲတာကြောင့်ဒယ်ဒီနဲ့ မာမီတို့တောင်မှသူ့ကိုပြောမနိုင်ရင်ကိုကြီးကိုပဲအပူကပ်ကြသည်။

ရောက်ရောက်ချင်း Cherry Boomမှာ CEOတာ၀န်ကိုယူခိုင်းသည်။

ရောက်ရောက်ချင်းနားခိုင်းပေမယ့် သူကအလုပ်သရဲလေအလုပ်ပဲလုပ်နေရရင်ပြည့်စုံပြီ

သူ့ရဲ့အနားယူခြင်းဆိုတာအလုပ်ပိုလုပ်ခြင်းပဲ။

သူတို့မိသားစုက NCTဆိုတဲ့ထိပ်တန်
စီးပွား‌ရေးGroupကြီးကိုပိုင်ဆိုင်ထားတဲ့သူတွေ တောင်ကိုရီးယားအပြင်နိုင်ငံပါင်းမြောက်မြားစွာမှာဆိုင်ခန်းပေါင်းမရေနိုင်အောင်ပိုင်ဆိုင်ထားသည့်ဒီGroupကြီးကနေ့စဉ်ဘ၀အတွက်လိုအပ်သည့်ပစ္စည်းလေးတွေအပြင်နာမည်ကြီး Fashion Brand. Cherry Boomကိုပါလက်၀ယ်ပိုင်ဆိုင်လေသည်။

South Korea Super Model Jung Jaehyunအပြင် Japanရဲ့ ID boy Nakamoto YUTAနဲ့ပါလက်တွဲထားတဲ့ဒီbrandဟာ‌ ရောင်းအားကစံချိန်တင်ပင်

သို့ပေမယ့် မကြာသေးခင်က အတွင်းပိုင်းရာထူးကြီးတွေလာဘ်စားသံကြားလို့Markကိုပြန်ခေါ်ခြင်းဖြစ်သည်။

Sunshine that melts ice Where stories live. Discover now