သူကားသာမောင်းနေရသည် အခုထက်ထိJohnny Hyung ဘာလို့ငိုသွားတာလဲစဉ်းစားလို့ကိုမရ။
မေးပြန်ရင်လည်း သူ့ရဲ့ cool guy type ပျောက်ပြီး စပ်စုရာကျမည်။
သိလည်းသိချင်သည်။"ဦးလေးက ကျွန်တော်နဲ့ခွဲရလို့တဲ့ငိုနေတာတကယ်ပါပဲ အိမ်ထောင်ကျသွားတာမဟုတ်ပဲနဲ့မှာလို့လဲမပြီး"
သူလှည့်ကြည့်လှည့်ကြည့်ဖြစ်နေတော့ကောင်လေးကအလိုက်သိစွာဖြေပေမယ့် နောက်ဆုံးစကားကြောင့်တော့ခဏတွေသွားရသည်။
"အင်းပေါ့ကွာ သူကမင်းကိုချစ်လွန်းလို့လေ ဒါနဲ့မင်းမိဘတွေ အာ ဆောရီး ငါစည်းကျော်သွားတယ်"
သူသိချင်လွန်းလို့ စိတ်ထဲမှစကားများထွက်လာပြီး နောက်မှာ ကောင်လေးမျက်နှာရုတ်တရပ်ညှိုးသွား တော့ သူစကားလွန်သွားမှသိရသည်။
သူဘာမှဆက်မပြောပဲ အရှေ့ကြည့်ပြီးသာကား မောင်းနေလိုက်တော့ တစ်ဖက်ကကောင်လေးကလည်း မှေးနေပုံပေါ်သည်။🐯🐻
Parkingမှာ ကားရပ်လိုက်ပြီးသည်အထိ ထိုကောင် လေးကနိုးမလာပေ။
"ဟေ့ ရောက်ပြီထထ ကောင်လေး ဟယ်ချန်း"
အမျိုးမျိုးနှိုးသော်လည်း အင်း အဲနှင့်သာ
အသံပြုသည်။
နိုးမလာ။
ကြံရာမရသည့်အဆုံး ကောင်လေးကိုသာ ပွေ့ချီလာရသည်။
သူ့သေတ္တာတွေကတော့မနက်မှ သူ့ဘာသာသယ်လိမ့်မယ်။
ကိုယ်လုံးလုံးလေးက အတော်လေး၏
ဒါပေမယ့် ဒါလေးမှ မသယ်နိုင်ရင်အီမာ့ဆိုတဲ့နာမည်ကို မပေးထားဘူး။
သူ့မှာ ကောင်လေးအား ပွေ့ချီလျက် Elevatorထဲ၀င်ရသည်။
ခဏကြာတော့ Elevatorထဲ အမျိုးသမီးနှစ်ယောက်၀င်လာသည်။
သူမတို့က Markတို့၏ပုံစံကိုမြင်လိုက်ရတော့ လက်ထဲမှအထုပ်တွေပါပြုတ်ကျကုန်သည်။"Boss!
"ခင်ဗျားတို့က ဘယ်သူ
အာ ရုံးက၀န်ထမ်းနှစ် ယောက်ပဲ ဘယ်သူနာမည်က""ဂျီယူနာပါ"
"ဆုန်းဂျယ်အို့ပါ"
သူ့အား ဦးညွတ်၍နှုတ်ဆက်လာတော့ အနည်းငယ်ပင် အမ်းသွားရသည်။
"ဪ ဒီမှာနေကြတာလား"
"ဟုတ် ဟုတ် သုံးလွှာမှာနေတာပါ"