ရုံးခန်းထဲသို့ ဟန်ပါပါလှမ်းလာသော LVအညိုရောင်နှင့် ထိုအမျိုးသမီးအား ဒိုယောင်းတို့အုပ်စု
ခေတ္တကြောင်အစွာ ကြည့်နေမိကြသည်။
များမကြာမှီမှ အသိစိတ်ပြန်ကပ်လာကာ
ပျာပျာသလဲ ဖြစ်ကုန်ကြ၏"ဟိုလေ ဘယ်သူနဲ့တွေ့ တွေ့ "
"ရှူး"
ဂျယ်အို့၏ အမေးကို ဆေးသားတင်ထားသော
နှုတ်ခမ်းထူထူပေါ် အနီရောင်ခြယ်သ
ထားသည့် လက်သည်းရှည်ရှည်ရှိသော
လက်ညှိုးဖြင့် ပိတ်လိုက်သည့် အမျိုးသမီး
ကြီးသည် မြင်ရုံနှင့်ပင် High Class
နွယ်ဖွားတစ်ဦးမှန်း သိသာလှပေ၏သူမက မျက်လုံးများကို ကျီးကန်းတောင်
မှောက်ကြည့်လိုက်ကာ မျက်မှန်ကို ဟန်ပါပါ
ချွတ်လျက်မေးလိုက်လေသည်။"ငါ့သမက်လေးကော ရုံးခန်းထဲမှာလား"
ငါ့သမက် သူမသမက်က မည်သူနည်း။
ထိုစဉ် Toilet မှထွက်လာသော အီဟယ်ချန်းမှာ
အခြေအနေကို မရိပ်မိသေးချေ။
နှုတ်မှလည်း သီချင်းအေးအေးလေး ညည်း
နေသေး၏"You can call me အမလေး မာမီ......."
သီချင်းညည်းနေရင်း လူ့ဂွစာကြီး၏
မာမီ တစ်နည်းအားဖြင့် သူ၏ ဟန်ဆောင်
ယောက္ခမလောင်းကြီးမြင်လိုက်ရသည်နှင့်
ခေါင်းပေါ်ကောင်းကင်ကြီး ပြိုကျသွားသလို
လေးပင်သွားရလေ၏သွားပြီ အကျိုးတွေနည်းကုန်ပြီ
"မာမီ့သားလေးကို ဟိုကောင်မင်ဟျောင်းက
သူ့ဘေးနားမထားဘူးလား နေ့လယ်စာ
ရော စားပြီးပြီလား လာ မာမီကိုယ်တိုင်
ချက်လာတဲ့ဟင်းတွေနဲ့ အတူတူစားကြ
ရအောင်နော်"သူ့ဆီကို အပြေးလာကာ လက်ကိုချိတ်လိုက်
ကာ ရေပက်မ၀င်အောင်ပြောလေတော့
သူ့မှာ မည်သို့မျှပင် မပြောနိုင်တော့ပဲ။
ထိုအစား ပါးစပ်အဟောင်းသားဖြင့်
ကြည့်နေကြသော ဒိုယောင်းဟျောင်းတို့ကို
သာ မချိသွားဖြဲပြလိုက်ရလေသည်။
ထို့နောက် မာမီယောက္ခမလောင်း ဆွဲခေါ်ရာ
သို့ ပါသွားလေသည်။အနောက်မှာကျန်ခဲ့သော အုပ်စုမှာ
တော့ ကျွတ်စီကျွတ်စီနှင့် ကျန်ခဲ့လေတော့၏
ဂျယ်အို့၏ သူပြောတာအမှန်ပါဆိုသော
အသံကြီးက အကျယ်ဆုံးပင်။