Chapter 9

160 19 9
                                    

ခါးကို ဖက်ထားတဲ့ ဒီလိုအခြေအနေလေးဟာ
Dramaတွေထဲမှာ နမ်းဖို့အကောင်းဆုံးအချိန်ပေါ့

သို့ပေမယ့် အပြင်လောက က ကိုရေခဲနှင့်
အရှူပ်ထုတ်လေးအတွက်ကတော့............

"အ"

ချော်လဲမှာစိုး၍ ခါးကိုဖက်ထားတဲ့ Mark Lee ဟာ သူ့အားမော့ကြည့်နေသော မျက်၀န်းညိုညိုလေးများ၏ အကြည့်များနှင့် စက္ကန့်‌အတော်ကြာ
ဆုံမိပြီးနောက် Anti romance ဆန်စွာ
အနောက်သို့ တွန်းထုတ်လိုက်လေရာ မပိတ်ရ
သေးသော ရေချိုးခန်းတံခါးမှ ဖြတ်၍ ဟယ်ချန်းကိုယ်လေးသည် ရေချိုးခန်းထဲ ပြန်ရောက်သွားကာ ဘေစင်နှင့် တိုက်မိလေ၏

"အ ငါ့ခါး ငါ့ခါး "

"ဝုန်း"

"အမလေး!

နာကျင်သွားသော ခါးကိုကိုင်ကြည့်၍ ညည်းညူ
နေမိစဉ် ရုတ်တရပ်အပိတ်ခံလိုက်ရသော
ရေချိုးခန်းတံခါးကြောင့် ခန္ဓာကိုယ်ပါ တုန်တတ်
သွားရလေသည်။

အကြောင်းပြချက်ကမူ တစ်ဖန်ထပ်မံလျောကျသွားပြန်သော ခါးမှတဘက်ကြောင့်ပင်။

"အာ ဒီအီမင်ဟျောင်း ချီးထုပ်ပဲ"

တိုးတိုးတိတ်တိတ်ကျိန်ဆဲကာ ရေချိုးခန်း၀တ်
၀တ်ပြီး ပြန်ထွက်လာတော့ ထိုလူက အခန်းထဲမရှိတော့။
သူ့ကြောင့် ကွဲကျသွားသည့် ပစ္စည်းများလည်း
မသိမ်းရသေး။
အမြန် အင်္ကျီလဲကာ ကောက်သိမ်းမည်ပြင်တော့
ခါးက မကုန်းနိုင်တော့။

စိတ်တိုဒေါသဖြင့် ‌ဧည့်ခန်းဆီသို့ လျှောက်လာခဲ့
ရာ ထိုသူက ရေကရားမှ ရေများကို တစ်ဂွက်ဂွက်
မြည်အောင် သောက်လျက်ရှိ၏

ကြည့်ရတာ အလုပ်များပြီး ရူးသွားပြီထင်။

"အီမင်ဟျောင်းရှီ မဟုတ် အီမာ့ရှီ ဟေ့လူ ဒီမှာ
ဒီမှာ"

ရှူပ်ထွေးလှသော နာမည်များကို အသံကျယ်စွာ ရွတ်လိုက်တော့ Mark က သူ့အားကြည့်လာလေသည်။
ထို့နောက် တစ်ကိုယ်လုံးအား မျက်လုံးဖြင့် အစုန်အဆန်ကြည့်နေရာ စိတ်ကရှည်မနေတော့။

"ဒီမှာ အီမာ့ ခင်ဗျားကြောင့် ကျွန်တော့်ခါး ကျွန်တော့်ခါးနာနေပြီအဲ့တာခင်ဗျား
ဘယ်လိုလုပ်ပေးမှာလဲ ပြော ပြော"

Sunshine that melts ice Where stories live. Discover now