"He he he"
"အဟိ ဘယ်လိုလေးတွေပါလိမ့်"
"အိုမို အိုမို"
ဒါကတော့ကင်ဒိုယောင်းရှေ့မှရွပိုးထိုးအုပ်စုကအသံတွေပါ သူကိုယ်တိုင်လည်းအံ့ဩသွားရသည်။
ဘေးက Hyungေတွဆိုမျက်လုံးတွေပင်ပြူးလို့အိပ်ချင်နေသည့်မွန်းထယ်အီတောင်အိပ်ချင်ပြေသွားပုံပင်အနေအထားက သူတို့ဘော့စ်အသစ်ကနောက်ကိုမှီပြီးမျက်လုံးမှိတ်ထားသည်။ necktieကလည်းပြေလို့ ဟိုသကောင့်သားလေးကဘော့စ်ရင်ခွင်ထဲမှာေခါင်းတိုး၀င်ထားပြီးသူ့ပခုံးကိုbossကဖက်ထားလေသည်
မသိရင်ခိုးပြီး ချိန်းတွေ့နေသလိုလို ဘာလိုလို
ဒါပေမယ့်ဒိုယောင်းကတော့မထင်ပေါင်
ဘေးက Hyungတွေကြည့်လိုက်တော့ အကိုဂျုံးအင်ကပါးစပ်ကြီးကိုအခုထိပြန်မပိတ်ရသေး ယင်ကောင်၀င်ရင် ၀င်လို့ရတယ်
အကိုဆယ်ဟွန်းကတော့ စပ်ဖြီးဖြီးနဲ့"ဘာကြည့်နေကြတာလဲ"
အသံကြားမှအားလုံးသတိ၀င်တော့သည်။
"ဒီမှာ ဒီကောင်လေးကိုလာခေါ်ဦး"
ရင်ခွင်ထဲမှကောင်လေးကအိပ်ပျော်နေပုံရသည်။
"ဝါး....."
"တော်တော်မှအိပ်ရေး၀ခဲ့ရဲ့လားဆယ့်ငါးမိနစ်လောက်ပျက်တာကိုအိပ်နိုင်သးတယ်နော်"
"ဟင်ဘယ်သူ ဟာအဘိုးကြီး"
"ဘာကွ မင်းဘယ်သူ့ကိုပြောတာလဲ"
သူ့မှာCEOအသစ်ဆီကနေသူ့ခန္ဓာကိုယ်ကြီးကိုဆွှဲခေါ်လာရတာကိုမှအားမနာ မရိုမသေနဲ့ဒီကောင်
ကင်ဒိုယောင်းတစ်ယာက် ဆွေ့ဆွေ့ခုန်သွားတာကြည့်ပြီးအားလုံးကရယ်ချင်နေသော်လည်းမရယ်ရဲ။
အကုန်လုံးပြုံးစိစိဖြစ်နေကြသည်ကိုကြည့်ပြီး ဟယ်ချန်းသက်ပြင်းချမိသည်။ ဒီနေ့ကတော့ငါ့နားလေးဒုက္ခရာက်တော့မှာပဲಥ‿ಥထင်သည့်အတိုင်းပင်တစ်ချိန်လုံးသူ့အားပါးစပ်မှပွစိပွစိနှင့်တရားဟောနေသည်မှာနားတွေကိုအူနေတာပဲ
ဘေးကလူတွေလည်းအငြိမ်မနေရအကုန်သိမ်းကြုံးအဆူခံရသည်။ Sehun Hyungကိုအကူအညီ တောင်းဖို့ကြည့်လိုက်သော်လည်း air podတပ်ပြီး CEOရုံးခန်းကိုငေးလို့ တကယ်တော့သူငေးနေတာက CEOအခန်းထဲကအတွင်းရေးမှူးထိုင်ခုံကို စိတ်တွေလည်းညစ်ပါတယ်လူတွေရယ်