Chapter 6

156 16 3
                                    

"မင်ဟျောင်းရယ် ဒီမှာချစ်သူရှိရဲ့သားနဲ့ ဘာလို့ပြန်မလာတာလဲ"

"အာ အဲ ဒါ က အဲဒါက"

"ဟုတ် ကျွန်တော်က မကြာခင် Canadaကိုလိုက်သွားဖို့ကြံနေတာပါ အဲတာအခုမှအဆင်မပြေဖြစ်သွားတော့ သူကလိုက်လာမယ်ကြံရင်း အခုလိုအဆင်တစ်ပြေဖြစ်သွားရတာ"

နှစ်ယောက်ပေါင်းလိမ်တာကတော့အဆင်ပြေနေကြသည်။

"ကဲ မာမီသားအိမ်က စောင့်နေမယ် သားဟယ်ချန်းနီးလေးကို လိုက်ပို့လိုက်"

"မာမီက သားအိမ်ဘယ်လိုလုပ်သိလဲ"

"မင်းအကိုကြီးက ပြောတာလေ"

ဟား အကိုကြီးလုပ်ချလိုက်ပြန်ပြီ။

" အာ မာမီ သားအိမ်ကအခု ရှူပ်ပွနေတာပဲ သားရှင်းမယ်ကြံနေတာ မလုပ်ရ‌သေးဘူးနောက်နေ့မှလာခဲ့ပါ့လား"

"အမယ် မာမီသိတာပေါ့ ဟယ်ချန်းလေးကောအတူနေတာမလား ဒီနေ့ညမာမီမလိုက်တော့ပါဘူး အဟင်း ဟင်း"

Dramaအကြည့်များထားသော မာမီက ထင်ရာပြောလေသော် သူတို့နှစ်ယောက်မျက်လုံးပြူးရလေသည်။
တကယ်ပါပဲ အဲတာကြောင့် မာမီ့ကိုDrama‌ တွေမကြည့်ပါစေနဲ့လို့သူဒယ်ဒီ့ကိုခဏခဏပြောနေခဲ့တာ။
ကြည့် အခုကျ Drama တွေအကြည့်များပြီးပေါက်ကရအတွေးတွေထွက်လာတယ်။
ဒုက္ခပါပဲ။

"ကဲ ရုံးခန်းထဲမှာနမ်းမနေကြနဲ့ အိမ်ကျမှအလွမ်းသယ် ဒါနဲ့မနက်ဖြန်ညနေညစာလာစားလှည့်နော်မာမီမျှော်နေမယ်ဟုတ်ပြီလား"

"ဟုတ် မာမီဟုတ်"

"သားလေး မာမီသွားမယ်နော်မနက်ဖြန်ကျရင် ဆက်ဆက်လာခဲ့နော်"

"ဟုတ် သူဌေး အဲ မာမီ"

ရုံးခန်းထဲက မာမီထွက်သွားပြီးမှ သူသက်ပြင်းချမိစဉ် ဟိုကောင်လေးမျက်စောင်းကသူ့ဆီချက်ချင်းရောက်လာလေသည်။

"ကြည့်ခင်ဗျားကြောင့် ကျွန်တော်နေရင်းထိုင်ရင်း လူကြီးကိုလိမ်လိုက်ရပြီ"

"ဘာ ခင်ဗျား ဟုတ်လား မင်းဘော့စ်ကွ မရိုမသေမလုပ်နဲ့"

Lee Mark အတော်စိတ်တိုသွားရသည်။
ကြည့် အခုတင်ခင်ဗျားတဲ့ ကိုယ့်အထက်လူကြီးကို။

Sunshine that melts ice Where stories live. Discover now