ထိုနေ့ကစ မာမီက အမြဲလူလွှတ်၍
နေ့လည်စာ လာပို့ပေးတတ်သလို သူ့တို့
အိမ်လေးသို့လည်း မကြာခဏ လာကာ
သန့်ရှင်းရေးလုပ်ပေးတတ်လေသည်။ထို့ကြောင့် တစ်ခန်းစီခွဲအိပ်နေသော
သူတို့နှစ်ယောက် တစ်ခန်းထဲမှာ ဖြစ်သလို
နေနေရသည်။ထိုနေ့ကလည်း မာမီလာတော့ သူတို့
နှစ်ယောက် ဂရက်တွေထကာ ၀ရုန်း
သုန်းကား ဖြစ်ခဲ့ကြသေးသည်။✨✨✨
ရုံးပိတ်ရက်မို့ Mark Lee အရင်လို ဝီရိယ
မရှိသော်လည်း သူ့ရဲ့ ပုံမှန်အကျင့်အရ
စောစောထကာ အပြေးစက်နှင့် လေ့ကျင့်ပြီး
သွားလေပြီထိုကောင်လေးကတော့ ထမည့်ပုံ မပေါ်ပေ
ရုံးဖွင့်ရက်တောင် သူ၀တ်စုံပြည့် ၀တ်ပြီးမှ
၀ရုန်းသုန်းကား အလျင်လိုနေတတ်တဲ့
ပေါက်စမလား။ရေခဲသေတ္တာထဲမှာ မနေ့ညက ကောင်လေး
၀ယ်ထည့်ထားသည့် ခေါက်ဆွဲထုပ်ကို
တွေ့တော့ သူပြုတ်လိုက်ပြီး ရေသန့်တစ်ဘူး
သောက်ရင်း မှန်မှတစ်ဆင့် အပြင်ဘက်က
မြင်ကွင်းတွေကို ငေးကြည့်နေမိသည်။နေရောင်တို့ တစ်စွန်းတစ်စ ကမ္ဘာမြေကြီး
ပေါ်သို့ တစ်ဖြည်းဖြည်းချင်း နယ်ချဲ့
လာသည်ကို ကြည့်ရသည်မှာ
မျက်စိပသာဒဖြစ်ဖွယ်ရာ။Vancouver မှာတုန်းကတော့ အပြင်ရှူခင်း
တွေကို ကော်ဖီခါးခါးတစ်ခွက်သောက်
ရင်း ငေးမောနေတတ်သည့် သူက အခုတော့
အကျိုးနည်း ရေသန့်ဘူးနှင့်။ဘာပဲပြောပြော မနက်အိပ်ရာထ
ရေသောက်သင့်သည်ပဲလေ။ထိုစဉ် သူတို့၏ Villa ၀န်းထဲသို့ မောင်းနှင်
လာသော Porches ကို မြင်လိုက်ရတော့
ဦးနှောက်ထဲမှာ အရေးပေါ်အချက်ပြမီးတွေ
အော်မြည်လာလေသည်။"သွားပြီ သွားပြီ အခန်းခွဲအိပ်တာ မြင်လို့
ကတော့ ငါ့ဘ၀ကြီးတော့ ပြီးပါပြီ"သူ့အခန်းထဲက ခေါင်းအုံး စောင်တွေကို
အလျင်အမြန်ဆွဲယူပြီး ကောင်လေးအခန်းထဲကို ပြေးသွားလိုက်ရသည်။ကျယ်ပြန့်ပြူးလှသည့် King Size Bed ကြီးတောင် ထိုကောင်လေးအိပ်ပုံနှင့် Size ပို ချဲ့ရမလိုပင်။ ကုတင်ရဲ့ မြောက်ဘက်အစွန်ကနေ တောင်ဘက်ထိ ကန့်လန့်ကြီး အိပ်နေသည်မှာ
သူမြင်ဖူးသမျှ အိပ်စက်ခြင်းထဲမှာ အထူးဆန်းဆုံး။