Chapter 11

206 24 4
                                    

ညက ဆေးလိမ်းလိုက်သည့် အကျိုးထင်
မနက်နိုးလာတော့ ခါးကအရင်လောက်
မနာတော့ချေ။

မနက်ခင်းခြောက်နာရီသာ ရှိသေး၍
ကိုယ်ပိုင်ကားဖြင့် အချောင်ခိုစီးရမည့်
ဟယ်ချန်းအတွက်တော့ များစွာ
အချိန်ရှိပေသည်။

သူ့အတွက် တစ်ခန်းသက်သက်လုပ်ပေးထား၍
အနေရခက်ကာ အိပ်စက်ရခြင်းမျိုး
လည်းမရှိ။

ရေချိုးပြီး မနက်စာစားရန်အလာ စားပွဲ
ပေါ်ရှိ ပေါင်မုန့်နှင့်ကော်ဖီများကို
မြင်ကာ ခဏကြောင်အသွားရလေ၏

"ဒါတွေက........."

ရုတ်တရပ်ဟိုရေခဲတုံးကို သတိရသွားကာ
မီးဖိုချောင်ထဲ၀င်ကြည့်လိုက်စဉ်
2000ပြည့်နှစ်မှ ယခုအချိန်ထိ ကမ္ဘာပေါ်တွင်
တစ်ခါမှမမြင်ဖူးသည့် မြင်ကွင်းကို
မြင်တွေ့လိုက်ရတော့သည်။

"ဒါ..က...ဘယ်လိုမြင်ကွင်းမျိုးကြီးလဲ"

ဘေးနားမှ အမှိုက်ပုံးမှ အငွေ့တလူလူနဲ့
တူးနံ့များထွက်နေပုံထောက် ပေါင်မုန့်ကြက်ဥ
အတူးများကို ထိုအထဲ ပစ်လိုက်ပုံပေါ်သည်။

Motorcycle helmet ကြီးကို မျက်နှာအပြည့်
မှန်ချကာ အကြော်ဒယ်အိုးကို
ကြောက်ကြောက်လန့်လန့်နှင့်
ကြော်နေသည့် Cherry Boom ရဲ့ CEO။

"အာ ချီးထုတ်"

ကြော်နေသည်မှာ မနက်စာစားဖို့
ဆဲသည်က တစ်မျိုး
မနက်စာတောင် ထိုအမျိုးသားကြောင့်
မစားချင်တော့ပေ။
ကြည့်ရသည်မှာ ဒီတစ်ခါလည်း တူးသွားပြီထင်။

"ဟေ့လူ အဲတာဘာလုပ်နေတာလဲ"

ကြက်ဥနောက်တစ်လုံးထပ်ဖောက်ရန် ပြင်နေ
သည့် Mark ဟာ အရှူပ်ထုတ်၏ အသံကို
ကြားလိုက်ရသည်တွင် ကယ်တင်ရှင်
တစ်ဦးကို တွေ့လိုက်ရသူပမာ
ချက်ချင်းလက်ထဲမှကြက်ဥကို
ချကာ အပြေးသွားရတော့သည်။

အနားသို့ပြေးလာသည့် ထိုလူကြောင့်
သူ၏ခန္ဓာကိုယ်ကို အလိုလိုကျုံ့မိလိုက်သည်။

"ဟယ်ချန်းရယ် လုပ်ပါဦး ကြက်ဥကြော်နည်း
သင်ပေးပါဦး"

အနားရောက်သည်နှင့် Helmetကြီး
မချွတ်ပဲ ပြောလေ၏

Sunshine that melts ice Where stories live. Discover now