အမှန်တကယ်ပြောရရင် သူ့အသဲနားကိုတစ်ကပ်ကပ်လုပ်နေသည့် ဒီကောင်လေးကိုကြည့်မရတော့ပေ။ သူ့ဘာသာနေရင် ချစ်ဖို့ကောင်းပါသည်။
သို့ပေမယ့် Kim jongIn ကိုကပ်ချွဲနေရင်ချစ်စရာမကောင်းတော့ပေ။
နောက်ပြီး အလုပ်ထဲမှာဗရမ်းဗတာလုပ်တတ်သည့်အပြင် စီနီယာတွေကိုပါမရိုသေ။
ဒါမျိုးနဲ့ Sehunတို့ Companyက Baekhyun Hyungနဲ့ ပေါင်းမိလို့ကတော့ အမလေးကမ္ဘာကြီးဇောက်ထိုးမိုးမျှော်တောင်ဖြစ်သွားမှာကြောက်ရပေသည်။"Hyungဆီလည်း မလုပ်ပါဘူးနော်အကိုဂျုံအင်တစ်ယောက်တည်းဆီမှာပဲလုပ်မှာပေါ့ နော်"
Sehunကိုပြန်ခံပြောနေရင်းနဲ့ puppy eyes လေးနဲ့JongInကိုကြည့်လေသည်။
"မရဘူး ငါကအလုပ်တန်းမ၀င်ဘူး LAကိုသွားလည်ဦးမှာ ငါပြန်လာမှလုပ်"
"ဟုတ် စောင့်နေမယ်နော်ဂျုံအင်နီးဟျောင်းဟွာအီတင်း"
လက်သီးဆုပ်ပါေထာင်ပြီးအားပေးသွားတဲ့ ငနာ လေးထွက်သွားမှ သက်ပြင်းတို့ချမိသည်။
စိတ်တွေလည်းညစ်ပါသည်။
ချစ်စရာကောင်းတဲ့ကလေးဆို သူမငြင်းနိုင်။"ဂျံူးအင်နီးဟျောင်း"
ထွက်သွားသည့် ဟယ်ချန်းကိုကြည့်ကာသူအသဲယားစွာ ပြုံးလိုက်မိစဉ် ချိုအီချွဲပစ်နေသော အသံကိုကြားလိုက်ရသည်။
ထိုအသံပိုင်ရှင်မှာ တစ်မိုးအောက်က အိုးဆယ်ဟွန်း။"ဟား လန့်လိုက်တာ ဆယ်ဟွန်းရယ် မင်းဘယ်လိုဖြစ်နေတာလဲ"
ပါးနှစ်ဖက်ကို လက်နှင့်အုပ်၍နှုတ်ခမ်းထော်ကာ ချွဲနေသောသူသည်ကြက်ပေါက်လေးနဲ့အလွန်ပင်တူ ချေ၏
အာ ခက်ပြီKim jongIn စိတ်ထိန်းစမ်း"ဂျုံအင်နီးဟျောင်းရေ တစ်လနေလို့ဂျုံအင်နီးဟျောင်း LAကိုသွားရင် လိုက်လို့ရလား"
"အေး အေး လိုက်ခဲ့ဟုတ်ပြီလား
အခုတော့ မင်းလုပ်နေတာကိုရပ်လိုက်ပါကွာ
ငါတစ်မျိုးကြီးဖြစ်နေလို့ပါ""ဘာလဲ ဂျုံအင်နီးဟျောင်းကချစ်စရာကောင်းတဲ့သူဆိုရင် မငြင်းဘူးထင်လို့လေ ရင်ခုန်သွားတာလားကျွန်တော့်ကို"
"တော်စမ်းပါကွာ ငါက ငါက ဘာကို ရင်ခုန်ရမှာလဲ လာသွားမယ် အလုပ်ချိန်ကြီး မင်းလဲအငြိမ်မနေနဲ့ Taeyongကိုအပူကပ်လို့သူ့ခမျာမင်းအတွက်နေရာတစ်နေရာစာမနည်းရှာပေးထားရတာ အားနာဖို့ကောင်းအောင် လာအလုပ် လုပ်ကြမယ်"