ရုံးခန်းထဲက ပြန်ထွက်လာတဲ့ဟယ်ချန်းမျက်နှာကသံပုရာသီးငုံထားရသလိုရှူံ့တွနေတော့သည်။ ဒါကိုမြင်တော့မနေနိုင်သည့်စပ်စုစိန်ကင်ဒိုယောင်းကမေးမိပြန်သည်။
"ဟယ်ချန်းမင်းကိုဘာပြောလိုက်လို့လဲ"
"နှစ်မိနစ်နောက်ကျလို့ဆူလိုက်တယ်"
ငိုမဲ့မဲ့လေးပြောလာတဲ့ မျက်နှာလးကိုကြည့်ပြီး ကင်ဒိုယောင်းတစ်ယောက်ထပင်ခုန်ကလိုက်ချင်သည်။နောက်ဆုံးတော့ဒီကောင့်ကိုကြည့်မရတဲ့သူComanyမှာပေါ်လာခဲ့ပြီပဲ။အဲတာမှသူအချိန်မလေးမစားမလုပ်ရဲမှာ။အတွေးကြီးကြောင့်မျက်နှာပေါ်ကအပြုံးကြီးဟာမဖုံးနိုင်မဖိနိုင်ပေါ်လာလေသည်။
"အဘိုးကြီးအဲတာကြောင့်ဒီအသက်အရွယ်ထိ ရည်းစားမရသေးတာ"
သူများမနက်စောစောစီးစီးအဆူခံနေရတာကိုဒီလူက၀မ်းသာနေပုံပင်။ ပေါ်တင်လည်းမပြောရဲဘူးဟယ်ချန်းမှာနားကနှစ်ဖက်ပဲပါတာ။ အဲလိုပြောလို့ မင်းမှာရောရှိလားလို့လာမမေးနေနဲ့ဒီကငယ်ငယ် လေးရှိသေးတယ်။ဟယ်ချန်းသူ့နေရာသူပြန်ထိုင်ပြီး အလုပ်သာပြန်လုပ်နေလိုက်သည်။
Lee Markတစ်ယောက်နားထင်ကိုတစ်ချက်ဖျစ်လိုက်သည်။ အိပ်ရေးမ၀တဲ့ခံစားချက်က တော်တော်ဆိုးလေသည်။ အခါတိုင်း Vancouverမှာသူကစောစောထတတ်သည့်သူတစ်ယောက်ပင်။ အခုမှသာ ခေါင်းကလာကိုက်နေတာ သံပုရာရည်ဖျော်ပေးဖို့လည်း jongIn Hyungကိုမခိုင်းရဲပေ။
တကယ်ဆိုသူဂျုံးအင်ဟျောင်းကို အားနာမိသည်။သူ့ရဲ့များပြားလှတဲ့တာ၀န်တွေကိုအကိုတွေနဲ့ထားခဲ့ပြီးသူ့ကိုချက်ချင်းအကူအညီပေးတဲ့ သူပါ။
နောက်ပြီးအပြင်ရုံးခန်းထဲက သူ့ရဲ့ပိုင်ရာဆိုင်ရာကြီးကလည်း ကြိုက်မှာမဟုတ်ပေ။နောက်ဆုံးတော့လည်းသူကြိတ်မှိတ်ခံရုံပေါ့။
"ရော့ မင်ဟျောင်းမင်းမျက်နှာသိပ်မလန်းလို့"
ကိုယ့်ဘာသာကိုယ်ပန်းနုသွေးနေမိစဉ် ရှေ့ကသံပုရာရည်ခွက်ကိုမြင်တော့ မော့ကြည့်မိသည်။ထင်သည့်အတိုင်း သူ့ကိုအမြဲအရိပ်တစ်ကြည့်ကြည့်နေတတ်သည့်အကိုဂျုံးအင်ပင်။