အခန်းထဲရောက်တော့ စားပွဲပေါ်မှာ Desktopထဲ
မျက်လုံး၀င်မတတ် အလုပ်လုပ်နေသည့် Minhyung ကိုတွေလိုက်ရ၍ jongInတစ်ယောက် သက်မမောကြီးချလိုက်ရ၏မိဘတွေက အနားယူစေချင်လို့၊ အိမ်ထောင်ရက်သားချပေးချင်လို့ အမိမြေကိုပြန်ခေါ်လာတာကို ဒင်းကအလုပ်ပဲလုပ်နေ။
"Minhyung ညနေအလုပ်စောစောဆင်း"
"ဗျာ"
မျက်လုံးက Desktop ဆီမှမခွာဘဲ သူ့ကိုအသံပြုလာသည်က နရင်းဖြတ်အုပ်ချင်စရာ။
"မင်းမာမီက ဖုန်းဆက်ထားတယ် အလုပ်စောဆင်ပြီးသူ့အိမ်ထမင်းလာစားလို့ remindလုပ်လိုက်ပါဦးတဲ့"
"ဗျာ တစ်ခြား တစ်ခြားဟာကော ပြော ပြောသေးလား"
ရုတ်တရပ်သူ့အနားရောက်လာကာ ထစ်တိထစ်ငေါ့ မေးလာတဲ့ Minhyungဟာ တစ်ခုခုကို စိုးရိမ်နေသယောင် ချွေးများစို့လျက်။
"ဟင့်အင်း ဘာမှမပြောပါဘူး ဘာဖြစ်လို့"
"အဟင်း အဟင်း ဘာမှမဖြစ်ပါဘူး ဒီအတိုင်းကျွန်တော့်အကြောင်းမဟုတ်တာပြောမှာကြောက်လို့ပါ"
စားပွဲဆီသို့ ပြန်သွားရင်း ချောင်းဟန့်ကာပြန်ဖြေလေတော့ jongIn Hyungက ယုံသွားပုံပေါ်သည်။
"မဟုတ်တာပြောလည်း မင်းအကြောင်း Hyungတို့သိနေတာပဲ Minhyung ရဲ့ စိတ်ချနေပါ အန်တီပြောသမျှက အလိမ်တစ်၀က်
ပါတယ်ဆိုတာ ငါတို့သိနေတာပဲ ဟုတ်ဘူးလား
Minhyungလေး""အာ Hyungလုပ်စရာရှိတာ သွားလုပ်တော့ဗျာ
ကျွန်တော်စောစောသွားလိုက်မယ်"ဆံပင်လေးကို ဖွကာပြောလိုက်တော့ သူ့ကိုထိတာမကြိုက်သည့် ကျားပေါက်စက စိတ်မရှည်ဟန်ညည်းညူလာ၏
တကယ်ပါပဲ အန်တီတို့ကသာ အိမ်ထောင်ချပေးချင်နေကြတာ သူတို့သားကဖြင့် အခုထိကလေးစိတ်မကုန်သေးဘူး။
အလုပ်တွေကို အာရုံစိုက်နေရင်း ရုတ်တရပ်သတိရမိလာတာက အိမ်ကမနိုးသေးတဲ့အရှူပ်ထုပ်ကို။
ဒီကောင် အခုထိမနိုးသေးတာများလား
ဆယ်နာရီတောင် ခွဲရော့မည်။
မနက်စာကော စားပြီးပြီလားမသိ။ဖုန်းဆက်ရန်ပြင်လိုက်တော့ မိမိ၏စိတ်ကသတိပေးပြန်သည်။
ဆက်မနေနဲ့ Lee Mark သူဘာဖြစ်ဖြစ်ဂရုမစိုက်နဲ့ မင်းနဲ့သူကြားမှာ အပေးအယူလုပ်ထားတာပဲမဟုတ်လား။
မဟုတ်ဘူး မဟုတ်ဘူး မင်းဘက်က စကမ်းလှမ်းခဲ့တာလေ မင်းဂရုစိုက်ပေးဦးမှပေါ့။