Unicode
................ဒီလိုနဲ့စာသင်နှစ်ဝက်အထိ ရာသီအသွင်သွင်ကူးပြောင်းလာခဲ့သည်။ ညှို့သက်လည်း ကျောင်းမှာအပေါင်းအသင်းအချို့ပင်ရနေလေပြီဖြစ်သည်။ ကိုကိုနှင့်သူ၏ဆက်ဆံရေးသည်လည်း အဆင်ပြေနေခဲ့သည်။
ညှို့သက် ကိုကို့ကို ချစ်ပါသည်။ သို့သော် ကိုကြီးနှင့်စေ့စပ်ထားသည်ဟု သိထားရခြင်းက သူ့အတွက်အဆင်ပြေမနေပါ။ ကိုကို့ကို ကိုကြီးညှို့ လက်ထဲပါမသွားခင်အချိန်ထိ သက်အနားမှာနေစေချင်တာ လောဘကြီးရာတော့ မရောက်ဘူးမလား။
ညှို့သက်ဘက်က ငယ်စဥ်တည်းက ကိုကြီးကိုအားကျနေခဲ့ရတာပါ။ ကိုကြီးက သဘောလည်းကောင်းသလို ချစ်ဖို့လည်းကောင်းပါသည်။ အများအမြင်မှာ ကိုကြီးကအပေါက်ဆိုး၊ မာနကြီးပေမဲ့ ညှို့သက်အပေါ်မှာတော့ ကောင်းမွန်စွာဆက်ဆံလေ့ရှိသည်။
ငယ်ငယ်တုန်းကလည်း ကိုကိုက ကိုကြီးကို ပေးထားတဲ့အရုပ်လေးကို မနာလိုစွာဖျက်ဆီးခဲ့မိသေးသည်။ အဲ့တစ်ခါလေးပဲ ကိုကြီးညှို့ကသူ့အပေါ် ဆူခဲ့ဖူးသည်။ ထိုအချိန်က သူခြံထောင့်မှာငိုနေတုန်း ကိုကိုကနှစ်သိမ့်ပေးခဲ့တာကို ညှို့သက်ကောင်းကောင်းမှတ်မိပါသည်။
ထိုအချိန်တုန်းက ကိုကိုမှာ သူ့အတွက်နေမင်းကြီးတစ်စင်းလို နွေးထွေးမှုပေးထားနိုင်ခဲ့ခြင်းပါ။ ထိုသို့သောသူကို ညှို့သက် မက်မောမိခြင်းက ကိုကြီးအပေါ်မှာ ကြီးမားတဲ့အပြစ်လုပ်မိသည်ဆိုလျှင် သူကောင်းကောင်းကြီးအပြစ်ဒဏ်ခံနိုင်ပါသည်။
''သက်ရေ မပြီးသေးဘူးလား နောက်ကျတော့မယ်နော်''
''ပြီးပြီကိုကြီး... လာပြီနော်''
မှန်ထဲမှ မိမိ၏ပုံရိပ်ကိုသေချာကြည့်ကာ အခန်းထဲမှထွက်လာလိုက်သည်။ အောက်ထပ်သို့ပြေးဆင်းလိုက်ပြီးနောက် ညှို့သက်ခြေလှမ်းများတုံ့သွားရသည်။ ကိုကိုက အိမ်ကိုဘာလာလုပ်တာပါလိမ့်။
မဟာနှင့်လေးညှို့တို့ စကားပြောနေကြသည်ကို ညှို့သက်မြင်လိုက်တာကြောင့် သူ၏နှုတ်ခမ်းများဟာ အလိုမကျဟန်ဆူပုတ်လို့သွားရသည်။
![](https://img.wattpad.com/cover/345028080-288-k2639.jpg)
YOU ARE READING
ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fifth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...