Unicode
..............."CEO????"
လေးညှို့၏ အနားသို့ မျက်နှာထားတင်းတင်းဖြင့် တိုးကပ်လာသော မင်းရောင်ခြယ်ကြောင့် .....
"ညှို့ငယ်.... မင်း..."
'ဒေါက်ဒေါက်'
ရုတ်တရက်ဆန်စွာ မြည်ဟိန်းလာသော တံခါးခေါက်သံကြောင့် နှစ်ဦးသားပူးကပ်လုနီးပါး ဖြစ်နေရာမှ ခွာလိုက်ကြလေသည်။
မိုးတိမ် အခန်းထဲသို့ဝင်လာချိန် အနေရခက်နေဟန်ဖြစ်သော လူနှစ်ဦးကြောင့် သူ့မှာအကဲခတ်ကြည့်နေရသည်။
"ဘာပြောမလို့လဲ"
"ဟို Yမြို့က ရတနာကုန်သည်နဲ့ချိန်းထားတဲ့ ကိစ္စပါ။"
"အစည်းအဝေးခန်းထဲ စောင့်ခိုင်းလိုက်"
"ဟုတ်ကဲ့"
မိုးတိမ်ထွက်သွားတော့မှ မင်းရောင်ခြယ် ဖိုင်တွဲတစ်ခုယူကာ လေးညှို့အနားသို့ထပ်လာလေသည်။
"ပြန်လာမှပြောမယ်။ ရုံးဆင်းရင် ကိုယ့်ကိုခဏစောင့်နေဦး"
လေးညှို့၏ဆံပင်လေးကို လက်နဲ့ခပ်ဖွဖွထိုးလိုက်ရင်း ပြောကာထွက်သွားလေသည်။
"ဟူး... ဒီလူကြီးဘာဖြစ်နေတာပါလိမ့်"
>>>>>>
မင်းရောင်ခြယ် အစည်းအဝေးခန်းထဲ ဝင်လာတော့ လူကြီးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ထိုင်ခုံပေါ်တွင် အကျအနထိုင်လို့နေသည်။
"မင်္ဂလာပါခဗျ။ "
"ဟုတ်ကဲ့ မင်္ဂလာပါ မောင်ရင်။ ဦးတို့ကို လက်ခံစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
"ရပါတယ်။"
"မိတ်ဆက်ပေးရဦးမယ်။ ဒီဘက်က ဦးရဲ့သားလေး ညှို့သက်သခင်ပါ။ နောက်ဆိုသူကပဲ အမွေဆက်ခံမှာမို့ မောင်ရင်တို့ကို ရင်းနှီးသွားအောင် ခေါ်လာခဲ့တာပါ။"
"ဪ... ဟုတ်ကဲ့ပါ ဦးမှိုင်းညှို့။ ကိုယ်က ရိုင်လေ မက်ဂန်ပါ"
မင်းရောင်ခြယ် မိမိရှေ့ကလူကိုသိပါသည်။ ချစ်ရသူလေး လေးညှို့သခင်၏ဖခင် မဟုတ်ပေဘူးလား။ ထို့ကြောင့်သူတွေ့ရန် လက်ခံခဲ့ခြင်းပင်။
![](https://img.wattpad.com/cover/345028080-288-k2639.jpg)
YOU ARE READING
ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fifth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...