Story 31

1.8K 79 4
                                    

Unicode
................

"လှဂမုန်းခြယ်ဆိုတာ ဟို... ဟို.. ကျောင်းကောင်စီ စီနီယာ"

လေးညှို့ သူမကို လုံးဝမမှတ်မိချေ။ မမှတ်မိလည်း မထူးဆန်းတော့ သူမကိုကျောင်းတုန်းကတောင် မေးပြောခေါ်ထူးသာစကားပြောခဲ့သည်မလား။ အစည်းအဝေးတိုင်ပင်ချိန်ကလွဲလို့ပေါ့။

ခုတော့ တိုက်တိုက်ဆိုင်ဆိုင် သူမက ရိုင်လေဆိုသူနဲ့သိနေကြသည်။ သူမတို့နှစ်ယောက်က ဘယ်လိုပတ်သတ်နေတာလဲ။ ဘာလို့အဲ့လောက်ရင်းနှီးနေကြတာလဲ။

"ညှို့ငယ်... ညှို့ငယ်!!!"

"ဘာလဲ!!!"

"ဟင်... ညှို့ငယ်ကလည်း ခေါ်နေတာကို ပြန်ထူးပုံကြီးကလည်း ဒေါသသံကြီးနဲ့။ "

"ဘာဖြစ်လို့လဲ။ ကျွန်တော်က ဒီတိုင်းပဲပြောလိုက်တာပါ"

"မဟုတ်ပါဘူး။ ကိုယ့်ကို ဒေါသထွက်နေတာမလား။ ကိုယ်ဘာအမှားလုပ်မိလို့လဲ"

"ဘာအမှားမှ မလုပ်ပါဘူး။ ကျွန်တော်ပဲမှားတာပါ။ ကျွန်တော်အလုပ်လုပ်ရဦးမယ်ဗျာ... ခဗျားကြီး ဖယ်တော့"

ညှို့ငယ် ချာခနဲလှည့်ထွက်ကာ နေရာတွင်သွားထိုင်ရန်ပြင်တော့ မင်းရောင်ခြယ်ကနောက်ကနေ သိုင်းဖက်ကာ လေးညှို့၏ပါးကို ရွှတ်ခနဲမြည်အောင်နမ်းလိုက်လေသည်။

"ရွှတ်..."

"ဟာ... ခဗျား.. ဘာလုပ်တာလဲ။ ကိုမိုးဝင်လာမှဖြင့်"

"သူက ကိုယ်မခေါ်ပဲ မဝင်လာပါဘူး။"

"ကျွန်တော့်ကို အရမ်းမဖက်နဲ့ဗျာ"

"အင်း... ညှို့ငယ်ရဲ့ခါးက ပိုပိုသေးလာသလိုပဲ။ ဖက်ရတာတောင် အားမရဘူး။"

"ဘာဗျ.... ကျွန်တော့်ခါးက သေးတာမဟုတ်ဘူး ကျစ်တာဗျ... ကျစ်တာ။ ခဗျားလို လူသန်ဗိုက် မဟုတ်တာလေး တစ်ခုပဲ"

"ကိုယ်က လူသန်ဗိုက်ဆိုတာ ဘယ်လိုသိတာလဲ။ မဟုတ်မှ ညှို့ငယ်....."

"ဘာတွေလျှောက်ပြောနေတာလဲ။ မှန်းပြော‌တာကို ပုံကြီးမချဲ့နဲ့နော်... ဟွန့်"

"ထမင်းစားပြိီးပြီဆိုတော့ လေ့ကျင့်ခန်းလုပ်ပေးရတယ်တဲ့။ ကိုယ်နဲ့အတူမလုပ်ချင်ဘူးလား"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now