Story 34

1.8K 88 0
                                    

Unicode
................

လေလံပွဲပြီးတော့ လေးညှို့က မင်းရောင်ခြယ်အား လက်လေးကုတ်ကာမေးတော့သည်။

"ရောင်.... မင်းခုနကဘာလို့ ငွေတွေအများကြီးဖြုန်းလိုက်တာလဲဟင်"

"ညှို့ငယ်က နှမြောလို့လား"

"နှမြောတာပေါ့ဗျ... သန်းခုနှစ်ရာတောင် "

"ကိုယ်ကချမ်းသာတယ်လေ။ ဘယ်လိုလဲ... ဒီလိုချမ်းသာတဲ့ လူကြီးကို ချစ်သူမတော်ချင်ဘူးလား"

"ဟမ်"

မင်းရောင်ခြယ်၏ အပြောကြောင့်  လေးညှို့မျက်နှာတွေပင် နီမြန်းသွားလေတော့သည်။

"ဘာ...ဘာတွေလျှောက်ပြောနေတာလဲဗျာ"

"လျှောက်မပြောပါဘူး။ အတည်ပြောနေတာပါ။ ဒီလိုအဖက်ဖက်ကပြည့်စုံတဲ့ ကိုယ့်ကို ညှို့ငယ်ကမလိုချင်လို့လား"

"ဟို... အဲ့လိုမဟုတ်ပါဘူး"

"ဒါဆို လိုချင်တယ်ပေါ့"

"ဟာဗျာ မပြောမိပါဘူး"

"ဒါဆိုကိုယ်က ညှို့ငယ်အတွက် ဘာမှမဟုတ်တဲ့လူပိုကြီးပေါ့။ ကိုယ်သိပါပြီကွာ... ညှို့ငယ်က ငယ်သူငယ်ချင်းသံယောဇဉ်လေးပဲ ရှိတယ်ဆိုတာ ကိုယ်နားလည်လိုက်ပါပြီ"

ပြောချင်တာပြောပြီး မျက်နှာငယ်လေးနဲ့လှည့်ထွက်သွားသော ထိုလူ။ လေးညှို့ မည်သည့်စကားမျှမပြောရသေးပဲနဲ့ ထိုလူက အဘယ့်ကြောင့်ထွက်သွားရသည်နည်း။

လေးညှို့ ထွက်သွားသောထိုသူနောက်ကိုလိုက်ကာ သူ့လက်ကလေးကိုလှမ်းဆွဲထားလိုက်မိသည်။

"ဘယ်ကိုသွားမလို့လဲဗျ... သူများကို စိတ်မကောင်ဖြစ်အောင်လုပ်ထားပြီး ထွက်သွားချင်နေတာလား။ ပြောတော့ ကျွန်တော့်ကိုချစ်တယ်ဆို..."

"အင်း... ချစ်တယ်လေ။ ဒါပေမဲ့ညှို့ငယ်မှကိုယ့်ကိုမချစ်တာ"

"အဲ့ဒါနဲ့ပဲ ကျွန်တော့်ကိုလက်လျော့တော့မယ်ပေါ့"

"အွန်း... ကိုယ့်ကိုပြန်မချစ်တော့ ကိုယ်လည်း ..."

"ပြန်မချစ်တော့ဘူးပေါ့... ဟုတ်လား။ ရတယ်လေ... ဒါဆိုလည်း ရောင်... မင်းနဲ့ငါနဲ့ ဒီတစ်သက်ပြန်မခေါ်ကြေးပေါ့... ဟွန့်"

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now