Unicode
.................အလုပ်စားပွဲပေါ်ထိုင်ကာ ကွန်ပျူတာနှိပ်နေသော ကောင်လေး။ အခန်းတွင်း အေးစိမ့်သည့်လေထုက ဝေ့သီလို့နေပြီး သူ့အားကျောချမ်းသွားစေသည်။ လေအေးပေးစက်ကို အဆုံးထိတင်ထား၍လားမသိ နှာပင်စေးချင်နေလေပြီ။
"ဟက်ချိ... ဟက်ချိ"
နှစ်ချက်လောက် နှာချေလိုက်ပြီးနောက် သူ့၏လက်မောင်းနှစ်ဖက်ကို အချမ်းပြေလိုပြေညားပွတ်သပ်လိုက်မိသည်။
"အေးလိုက်တာ"
ဟု တိုးညှင်းစွာရေရွတ်ရင်း လက်တို့က စာရိုက်စက်ပေါ်သို့ တချောက်ချောက်မြည်သံကြားသည်အထိ အဆက်မပြတ်ရိုက်လို့နေသည်။
ထိုချိန် သူ့ရဲ့ရှေ့တွင် အကဲခတ်ကြည့်နေသောလူသည် အဲလ်ကွန်းရီမုတ်ကိုယူကာ အရှိန်အနည်းငယ်လျော့လိုက်လေသည်။
လေးညှို့မျက်လုံးများစွေကြည့်လိုက်တော့ ထိုသူသည် သူ့အားဂရုမစိုက်စွာဖြင့် စာရွက်စာတမ်းတွေသာကြည့်လို့နေသည်။ လေးညှို့နှုတ်ခမ်းလေးမဲ့ကာ ပုခုံးတစ်ချက်တွန့်လိုက်ရင်း မျက်နှာပြန်လွဲလိုက်လေသည်။
"Ai ရေ.... "
"ဗျာဗျ...."
"ရှေ့ကလူကြီး ဘာကိစ္စငါ့ကို သူ့နဲ့တစ်ခန်းထဲအလုပ်လုပ်စေချင်တာလဲ သိလား"
"အမ်း... ကစားသူကိုပြောဖူးတယ်လေ.. သူနဲ့အနီးကပ်နေပြီးပညာသင်ပေးမယ်ဆို"
"ပညာသင်တာက သင်တာပဲလေ။ လက်ထောက်ဆိုတိုင်း အပြင်ကကိုမိုးဘေးနားမှာ ထားလည်းရတာပဲကို။ ဘာဖြစ်လို့ အပြင်မဟုတ်တဲ့ သူ့ရဲ့အေးစိမ့်နေတဲ့ ရေခဲတိုက်ခန်းထဲမှာ ထားရတာလဲ"
"အယ်... အဲ့ဒါတော့မပြောတတ်ဘူးရယ်"
"ကျစ်... သုံးမရချက်"
"ဟွန့်... ကစားသူကလည်း ကျွန်တော်တို့က ပေးထားတဲ့အချက်အလက်အတိုင်းပဲ သိရတာလေဗျာ။ သူတို့မပြောပြထားတဲ့ အချက်တွေဆို မသိရဘူးရယ်"
"ထားပါတော့ကွာ။ ဒါဆို ဇာတ်လမ်းက ဘယ်လိုဖြစ်သွားပြီလဲ။ ဘယ်နားရောက်သွားပြီလဲသိချင်တာ"
"ဇာတ်လိုက် ဘုန်းမဟာသော်ကတော့ လာမဲ့ရတနာဒီဇိုင်း ပရောဂျက်အတွက် စီစဉ်နေတယ်။ ညှို့သက်ကတော့ ထုံးစံအတိုင်း ဘေးနာကနေ ကူညီပေးနေတာ။ လိုအပ်တဲ့ကျောက်တွေ ရှာပေးနေတယ်။ သတိုးကတော့ ထုံးစံအတိုင်း ဆေးရုံမှာပဲ အလုပ်လုပ်တုန်း"
![](https://img.wattpad.com/cover/345028080-288-k2639.jpg)
YOU ARE READING
ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fifth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...