Unicode
.................မှန်ပြတင်းတံခါးများစွာ စီရီထားသော အထပ်မြင့် မိုးမျှော်တိုက်ကြီးတွင် သာယာသော သီချင်းသံများ လွင့်ပျံလို့နေသည်။ အခန်းသည် အဖြူရောင်ဆေးများဖြင့် အလှဆင်ထားပြီး မှန်နံရံများမှ အလင်းတို့သည် အခန်းတွင်းသို့ လင်းထိန်သွားစေသည်။ ထိုအခန်းတွင်းမှတစ်ဆင့် အပြင်ဘက်ရှုခင်းများကို ငေးမောကြည့်ရင်း လူတစ်ယောက်သည် သူ၏အားကစားပြေးစက်တွင် အပျင်းပြေပြေးလို့နေသည်။
တောင့်တင်းလှသည့် ခန္ဓာကိုယ်ကြွက်သားများရှိသည့် ထိုသူသည် အားကစားကို အတော်လိုက်စားပုံရသည်။ သူ၏ သန်မာလှသော ခြေသလုံးကြွက်သားများသည်လည်း ပြေးလိုက်တိုင်း စီးချက်ညီစွာ လိုက်ပါလျက်ရှိသည်။
ယောက်ျားပီသသော မျက်နှာထားသည် သာမာန်ကပြားလူများနှင့်မတူ တစ်မျိုးလေး ကွဲထွက်လို့နေသေးသည်။ သူ၏ စူးရှသော အပြာနုရောင် မျက်ဝန်းများသည် အလှပဆုံးပန်းချီကားချပ်တစ်ခုအလား ကြည့်ကောင်းလို့နေသည်။
ပြေးလိုက်တိုင်း ထွက်လာသောချွေးတို့သည် နဖူးမှတစ်ဆင့် ကျော့ရှင်းသော လည်တိုင်သို့ ဆင်းသက်သွားသည်။ ထိုမှတစ်ဆင့် ကျယ်ပြောလှသော ရင်အုပ်ကျယ်ကြီးများမှာ နှင်းဆီပွင့်တို့ ဆင်းသက်နားခိုချင်စရာ နွေးထွေးမှုကို အပြည့်ပေးနေပုံလည်းရသည်။
ရှည်လျားလှသော ခြေသံတို့ကိုကြည့်ခြင်းဖြင့် သူသည် အနည်းဆုံးခြောက်ပေနှစ်လောက် ရှိပေလိမ့်မည်။ ပြင်းထန်လှသော အသက်ရှူသံတို့သည် သူ၏နှာဖျားဝမှတစ်ဆင့် ပြင်ပသို့တိုးထွက်လို့ လာလေသည်။
ထိုစဉ် သီချင်းသံဇဉ်သည် ရည်ရွယ်ချက်မရှိပါပဲနဲ့ ရပ်တန့်လို့သွားပြီးနောက် သူလည်း စက်ပေါ်မှဆင်းလိုက်လေသည်။ မျက်နှာသုတ်ပဝါကိုယူလျက် နေရာအနှံ့မှချွေးများသုတ်ကာ စားပွဲခုံပေါ်မှ ဖုန်းအားကောက်ကိုင်လိုက်လေသည်။
"ဟဲလို"
"......"
" ဒီအပတ်အတွင်း ပြန်လာတော့မှာမို့ အသင့်ပြင်ထားလို့ ပြောပေးပါ။ ကျွန်တော်တို့သဘောတူညီမှု ယူထားတာလည်း မမေ့စေနဲ့လို့"

YOU ARE READING
ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completed
RomantizmUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fifth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...