Unicode
................."ဒယ်ဒီ.... ကျွန်တော့်ကို ညှို့သက်နဲ့ သဘောတူထားတဲ့ကိစ္စကို ဖျက်သိမ်းပေးပါ"
"ဘာကွ"
"ဘာဖြစ်လို့လဲ သားရယ်"
"ကျွန်တော်နဲ့ ညှို့သက်က ဘယ်လိုမှ အဆင်မပြေနိုင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့ချင်းက စိတ်ဓာတ်ချင်းလည်းမတူသလို၊ အကြိုက်ချင်းလည်းမတူပါဘူး"
"ဟ... ဒါတွေကဖြည်းဖြည်းချင်း ညှိယူလို့ရနိုင်သားပဲကွ... စေ့စပ်ပွဲဖျက်သိမ်းရလောက်အောင် လိုအပ်လို့လား။ ပြီးတော့ ခုနေဖျက်သိမ်းရင်တောင် ငါတို့ကဘယ်လိုမျက်နှာမျိုးနဲ့ သွားပြောရမှာလဲ။ ပထမတစ်ခါလည်း သူတို့သားကြီးနဲ့ ဖျက်သိမ်းပြီးသွားပြီ။ ခုသားငယ်ကပါ ပါလာပြီဆိုတော့..."
"ဒါတွေကို ဒယ်ဒီပဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့တာလေ။ သားဆန္ဒကို မေးခဲ့ဖူးလို့လား။ ဘာအပြစ်မှမရှိတဲ့ ညှို့လေးကို အပြစ်မြင်ပြီး စေ့စပ်ပွဲကိုဖျက်ခဲ့တာလေ။ ကျွန်တော်သဘောတူခဲ့ဖူးလို့လား"
မဟာက သူ့ဖခင် ဦးမြင်းမြတ်မဟာကို ထိုသို့ပြောလိုက်တော့ သူငြိမ်ကျသွားလေသည်။
"ကျွန်တော် ညှို့သက်သခင်ကို သဘောမကျဘူး။ ခုဆိုသူမွှေခဲ့လို့ လေးညှို့လေး ဘယ်လိုခံစားနေရလဲ ဒယ်ဒီတို့သိရဲ့လား။"
"ဘယ်လို... ???"
"ဘယ်လိုဖြစ်ရတာလဲ သားရယ်"
ဒေါ် ခင်ခင်လေးလည်း ဝင်ပြောသည်။
"ခုအပြင်မှာပျံ့နေတဲ့ ညှို့လေးရဲ့သတင်းတွေက သက်ပြောလိုက်တာတဲ့"
"မင်းဟာကသေချာလို့လား"
"သေချာတာပေါ့။ ဒီကိစ္စရဲ့ ဖြစ်ရပ်မှန်ကိုသိတာ ကျွန်တော်တို့ပဲရှိတော့ သတင်းအမှားတွေကို လူတွေသိအောင် ပုံကြီးချဲ့ပြောလိုက်တာလေ"
"ဒီလိုဆိုရင် ဘယ်လိုလုပ်ကြမလဲ။ သက်လေးက အရင်ကအဲ့လိုကလေးမျိုး မဟုတ်ပါဘူး။ ဘယ်လိုဖြစ်လို့ ပြောင်းလဲသွားရတာလဲကွယ်"
"ဟူး... အဲ့တော့ မင်းကသူ့ကိုလက်မခံနိုင်တော့ဘူးပေါ့"
ဦးမြင့်မြတ်မဟာက သက်ပြင်းယဲ့ယဲ့ချကာ မေးလာလေသည်။

YOU ARE READING
ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completed
DragosteUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fifth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...