Unicode
................''သားရေ... ခဏလာပါဦး။ အမေပြောစရာလေးရှိလို့''
''သားနဲ့ညှို့ငယ်လေးတို့ ရန်ဖြစ်ထားကြသေးလား''
''ဗျာ...မဖြစ်ထားပါဘူး အမေရဲ့။ ဘာဖြစ်လို့လဲ''
''မသိပါဘူးကွယ်။ မင်းတို့ကလေးတွေ ရန်များဖြစ်ထားတာလားလို့ မေးကြည့်တာ။ ဒါဆိုရန်ဖြစ်ထားတာမဟုတ်ပဲ ညှို့ငယ်လေးရဲ့ဆန္ဒပဲပေါ့။''
''ဘာကိုလဲ အမေရဲ့။ ညှို့ကဘာဖြစ်လို့လဲ''
''ဘာဖြစ်ရမှာလဲ ညနေကပေါ့... စေ့စပ်ပွဲကြီးကို ဖျက်သိမ်းပေးဖို့ လာပြောတာလေ။ ''
''ဗျာ!!!!!"
မဟာ ရုတ်တရက်အသံကျယ်သွားတာကြောင့် ဒေါ်ခင်ခင်လေး နားပင်အူသွားရသည်။
''ဟဲ့...ဘာလို့အဲ့လောက်တောင်အော်နေရတာတုန်း''
''အမေ...အဲ့တော့...ဖျက်သိမ်းပေးမယ်ပြောလိုက်လား။ အမေသဘောတူလိုက်တာလား။ သားကိုအမြန်ပြောပြပါဦး''
''ယာယီဖျက်ပေးမယ်လို့ပြောလိုက်တယ်လေ''
''အမေ!!!!!"
"အမလေး..လန့်လိုက်တာ ဘာလို့အဲ့လောက်အော်ရတာလဲ။ ငါနားကြားပါသေးတယ်''
''အမေဘာလို့ သဘောတူလိုက်ရတာလဲ။ သားဘက်ကမဖျက်ပေးဘူးနော်... သားသဘောမတူဘူး''
''ယာယီလို့ပဲပြောထားတာလေ... တရားဝင်မဖျက်သေးပါဘူး''
''မသိဘူးကွာ...ယာယီဆိုလည်း ယာယီပဲ တော်ကြာ သားကိုပြစ်ပြီးတကယ်ဖျက်သွားရင် အမေတာဝန်ယူမှာလား။ ဘာပဲပြောပြော သားဘက်ကလုံးဝမဖျက်ပေးနိုင်ဘူး''
မဟာပြောဆိုရင်း အခန်းရှိရာသို့ ဒုန်းဆိုင်းတက်သွားလေသည်။
''အတော်အားကိုးရတဲ့သား။ လင်မရမှာအတော်ကိုစိုးရိမ်နေတယ်။ ယာယီလို့ပြောတာလဲမရ...တကတည်းဇွတ်''
ဧည့်ခန်းတွင်၌ ဒေါ်ခင်ခင်လေးတစ်ယောက် ပွစိပွစိ ပြောကာကျန်ရစ်ခဲ့တော့သည်။
မဟာကျောင်းကပြန်ရောက်ရောက်ချင်း မိခင်ဖြစ်သူထံမှကြားလိုက်ရသည့်စကားတွေက သူ့ရင်ဝကိုဆောင့်ထိုးလိုက်သလိုပင်။ လေးညှို့က စေ့စပ်ပွဲကိုဖျက်သိမ်းချင်နေသည်တဲ့လား။
![](https://img.wattpad.com/cover/345028080-288-k2639.jpg)
YOU ARE READING
ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) Completed
RomanceUni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fifth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေချင်ပါတယ်။ 📢📢📢...