Extra

740 16 0
                                    

Unicode
..............

မီးရောင် တဖြတ်ဖြတ်ဖြင့် ကခုန်နေကြသော ပွဲခင်းကြီးအလယ်။ ထိုပွဲခင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ကင်မရာပေါင်းများစွာဖြင့် ရိုက်ကူးနေသော အဖွဲ့သားများနှင့် ဆေးဆိုးပန်းရိုက် ပြင်ဆင်ထားသည့် အလှပဆုံးလှပနေကြသော အရောင်စုံလှသည့် ဝတ်စုံများအား တစ်ယောက်တစ်မျိုး မရိုးနိုင်အောင်ဝတ်ဆင်ကာ ပွဲတက်လာကြသည့် အနုပညာရှင်များ။

ထိုပွဲ၏အလယ်တွင် ယခုနှစ်၏ လူအများအထူးစိတ်ဝင်စားခြင်းခံရသည့် လူငယ်တစ်ဦးလည်းရှိသည်။ သူ၏ရွှေရောင်ဆံနွယ်နှင့် ညှို့နိုင်လွန်းတဲ့ အပြာရောင်မျက်ဝန်းတစ်စုံကြောင့် လူအများကြားထင်းထွက်လို့နေသည်။ သူသည် ကျော်ကြားလှသည့် မဂ္ဂဇင်း‌အမြောက်အများ၏ cover မျက်နှာဖုံးတွင် နေရာယူထားသည့် ‌ကမ္ဘာ့အညှို့ယူနိုင်လွန်းတဲ့ အမျိုးသားအဖြစ်ကျော်ကြားသည့် အနောက်တိုင်းကပြားစပ်သူ ဘုန်းသျှင်မဟာ (ခေါ်) David Shin Garcia ‌ဖြစ်လေသည်။

ဖခင်ဖြစ်သူသည် အနောက်နိုင်ငံသားဖြစ်ပြီး George Raymond Richard Garcia အမည်တွင်သည့် နာမည်ကြီး စာရေးဆရာတစ်ယောက်ဖြစ်သည်။ မိခင်ဖြစ်သူသည် အရှေ့တိုင်းသူတစ်ယောက်ဖြစ်ပြီး ရဝေသျှင်အမည်ရသူ သာမာန်အမျိုးသမီးကောင်းတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးမွေးဖွားလာသည့် တစ်ဦးတည်းသော သားငယ် ဘုန်းသျှင်မဟာသည် အနုပညာ‌ဗီဇပါလာသူတစ်ဦးဖြစ်ရာ လက်ရှိတွင် အောင်မြင်မှုအများဆုံးရနေသည့် လူငယ်တစ်ဦးလည်းဖြစ်သည်။

ဘုန်းသျှင်မဟာသည် ဖခင်ဖြစ်သူ၏ဇာတိမြေတွင် အနေများပြီး ထိုနိုင်ငံမှတစ်ဆင့် အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ဆွတ်ခူးနေသူလည်းဖြစ်သည်။ သူစတင်နာမည်ကြိီးလာခြင်း၏ အဓိကအကြောင်းအရင်းကလည်း လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ပါဝင်ခဲ့ရသည့် Villainess to Main Lead ( How to process the route) Game တွင်ပါဝင်သည့် အဓိကဇာတ်ကောင် ဘုန်းမဟာသော်ဟူသော ဇာတ်လိုက်၏ အသွင်အပြင်ကြောင့်ဖြစ်သည်။

ဘုန်းမဟာသော်အဖြစ် စတင်ကမ်းလှမ်းခဲ့သည့် Honey Trap Game Company သည် သူ၏အောင်မြင်မှုကို ထိုးဖောက်ခဲ့သည့် လမ်းစဖြစ်ခဲ့ရသည်။ မိန်းကလေး ပရိသတ်မြောက်များစွာရသည်အထိ နာမည်ကြီးခဲ့သည့် Villainess to Main Lead ဂိမ်း၏ကျေးဇူးကြောင့် သူ၏အနုပညာလမ်းကို ကောင်းမွန်စွာလျှောက်လှမ်းနိုင်ခဲ့လေသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now