PART 21

210 9 1
                                    

VIOLATION ( PART 21)
______________________
အားပါလှသောအရှိန်နှင့်အတူ တလိမ့်ခေါက်ခွေး ပြုတ်ကျသွားသောအဖြူရောင်ပုံရိပ်ငယ်သည် ခဏတာငြိမ်သက်လို့သွားလေသည်။
ရုတ်တရက်ဖြစ်ပေါ်လာသောဒေါသကြောင့်တွန်းထုတ်လိုက်မိသော်လည်း လိမ့်ကျသွားသည့်ဧဒင့်အားကြည့်ကာ နှလုံးသားထဲမှဆစ်ခနဲဖြစ်ကာ စိုးရိမ်ပူပမ်မှုတစ်ချို့ကိုခံစားမိပြန်သည်။
သို့သော် ခေါင်းမာသောသူက လဲကျနေရာမှ ကုန်းရုန်းထကာ ဒယိမ်းဒယိုင်ဖြင့်ပင်အနားသို့ပြန်ကပ်လာသည်။ မည်သူကမျှဆွဲထူမပေးသလိုမည်သူကမှထိန်းမတ်မပေးခဲ့။ပွဲတစ်ခုအလားသာရပ်ကြည့်လိုနေကြသည်။သို့သော်တစ်ချို့သောမျက်ဝန်းများတွင် မကျေနပ်မှုမလိုလားမှုများရှိနေကြသော်လည်းမည်သူကမျှစောတကတတ်မယ့်သူမရှိပေ။
အနားကပ်လာသည်နှင့်အမျှ သွေးစက်တို့ပေစွန်းနေသောခေါင်းဆောင်းအားကြည့်၍အနဲနှင့်အများထိခိုက်သွားမှန်းသိလိုက်သည်။အနားသို့ရောက်လျှင် ရင်ခွင်ထဲဇွတ်တိုးဝင်လာကာမှီလိုက်သဖြင့် Yသတိလက်လွတ်ဖြစ်ကာ ပွေ့ဖက်ထားလိုက်မိသည်။
"Darling ထင်သလောက်လဲသွေးမအေးပါဘူး ကိုယ်သိတာပေါ့။Darling ကိုထိတ်လန့်စေမိပြီထင်တယ်။"

"မင်းပြသနာသိပ်မရှာရင်ကောင်းမယ် ဧဒင်။
ငါဒီကိုဘာကြောင့်ဖိတ်ကြားခံခဲ့ရတယ်ဆိုတာမသိခဲ့ဘူး။
လက်စသပ်တော့ မင်းစနက်ကင်းခဲ့ပုံမပေါ်ဘူး။"

"မျက်မှောင်ကြီးကြုံ့မထားစမ်းပါနဲ့ Darling ရာယ်။ကိုယ့်စနက်မကင်းတာဝန်ခံပေမယ့် ဒီလောကက Darling ထင်ထားတာထက်ပိုနက်ရှိုင်းတယ်ဆိုတာပဲ"

Y သက်ပြင်းချကာ "အပိုတွေမပြောနဲ့အခုဒီကနေ ထွက်သွားလို့ရလား"

"သိပ်ရတာပေါ့။Darling သာဆန္ဒရှိရင် ဒီနေရာကနေထွက်သွားရုံတင်မဟုတ်ဘူး ၊ ကိုယ်နဲ့ပါ public ပျော်ပါလို့ရတယ်။"

Yစိတ်မရှည်စွာဖြင့် ပါးစောင်နှစ်ဘက်ကိုလက်တစ်ဖက်တည်းဖြင့်ဆွဲညှစ်ကိုင်မော့စေကာအံကြိတ်ထားသောလေသံဖြင့်
"ငါသိချင်တာ မင်းနဲ့ငါချက်ချင်းဘာဖြေရှင်းချက်မှမပေးပဲအတူထွက်သွားရင်ပြသနာမရှိဘူးမလားလို့မေးတာ"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now