ရှေ့တည့်တည့်က မြင်နေရတဲ့ ချွဲဆူဘင်းမျက်နှာဟာမရှုမလှ ၊ အကြောင်းကတော့ သူလိုချင်တဲ့ မွေးနေ့လက်ဆောင်ပါမလာလို့တဲ့လေ ၊ ကိုယ်ကမပေးတာမှမဟုတ်တာ ဘယ်လောက်ဘဲ ဒီလောကမှာအကောင်ကြီးတယ်ဘဲပြောပြော ချွဲဆူဘင်းလိုချင်တာကို ချက်ချင်းသယ်ပေးလို့ကမဖြစ် ... မဖြစ်လဲမဖြစ်ချင်စရာ တောင်းတာကိုက ခြသေ့်ပေါက် နှစ်ကောင်တဲ့ ၊ တစ်ကောင်တည်းတောင်မဟုတ်ဘဲ နှစ်ကောင်တဲ့
" ချွဲဆူဘင်းရာ ငါမပေးတာလဲမဟုတ်ဘူး မှာထားပေးတာဘဲ "
" ဒါပေမဲ့ခုထိရောက်မလာသေးဘူးလေ "
" မင်းတောင်းတာတွေကိုလဲ စဥ်းစားကြည့်လေ "
" ဒီလောက်ကတော့ မင်းအတွက်ပါးပါးလေးဘဲကို ဘာလို့ဝန်ထုပ်ဝန်ပိုးဖြစ်နေရတာလဲ "
ခြသေ့်ပေါက်နှစ်ကောင်ကို မှောင်ခိုသယ်ရမှာက အဲ့လောက်လွယ်နေတယ်များထင်နေလား သက်မဲ့ပစ္စည်းလဲမဟုတ်တာကို...ပြီးတော့ ရေလမ်းကသူ့အဖေပိုင်တာမဟုတ် ကြာသင့်သလောက်အချိန်တော့ကြာမှာပေါ့ ၊ ဒါကို ဒီmafia က ကလေးလိုဆူပုတ်နေသည်
" ခဏတော့စောင့်ပါကွာ "
" နှစ်ယောက်သား ဘာဖြစ်ကြပြန်ပြီလဲ "
" ဒီမှာလေ အဖေ့သားပေါ့ .... "
ချွဲဆူဘင်းနဲ့ သူနဲ့က အဖတူအမေကွဲ ညီအစ်ကိုတွေ ၊ သူ့အမေဆုံးပြီးနောက် အဖေက ဆူဘင်းအမေနဲ့လက်ထပ်ခဲ့သည် ၊ ဆူဘင်းအမေကလဲ မိထွေးလိုမဟုတ်ဘဲ သူ့ကိုသားအရင်းလိုဆက်ဆံကာ သူတို့ဆက်ဆံရေးမှာ ဆူဘင်းမွေးလာတဲ့အချိန်ထိအဆင်ပြေပြေရှိခဲ့သည် ၊ ဆူဘင်း10နှစ်သားလောက်မှာတော့ သူမကဆုံးသွားပြီး ခုဆို ဆူဘင်းပင် အသက်၂၆နှစ်အရွယ်ကိုရောက်လို့နေပြီ
အဖေက တရားမဝင်လုပ်ငန်းအများစုရဲ့ခေါင်းကိုင် ၊ အစိုးရနဲ့ပင်ပြေပြေလည်လည်ရှိတဲ့ဆက်ဆံရေး...သားနှစ်ယောက်ဖြစ်တဲ့ သူနဲ့ ဆူဘင်းကလဲအဖေ့အမွေကိုဆက်ခံကာ အများအမြင်မှာတော့ hotelလုပ်ငန်းစုကိုဦးစီးသည် ၊ အပြင်မှာဆို သွေးအေးရက်စက်တဲ့ ချွဲဆူဘင်းက မိသားစုနဲ့ဆို သူ့ရဲ့အငယ်ဆုံးပါဝါကိုပြကာ ကလေးလိုဆိုးသည်... သူ့ကိုလဲ တစ်ခါမှhyungလို့ယဥ်ယဥ်ကျေးကျေးမခေါ် မင်းနဲ့ငါသာ ပြောဆိုဆက်ဆံသည်