" ဟဲ့..ဟဲ့..အဲ့တာဘယ်လိုဖြစ်နေကြတာလဲ လွှတ်ကြစမ်း "
ကလေးနှစ်ယောက်လုံးငြိမ်နေတာမလို့ မသက်ာတာကြောင့် လာကြည့်ကာမှ ခုတော့ထင်တဲ့အတိုင်းပင်
ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းနှစ်ယောက် ၊ အိမ်ထောင်ကျတော့လဲ ယောက်ျားဖြစ်သူတွေမှာ သူငယ်ချင်းတွေဖြစ်တာကြောင့် သူတို့ဆက်ဆံရေးဟာ ခုချိန်အထိတည်မြဲနေသည် ၊ ကွဲပြားစွာ သူ့သားချွဲယောန်ဂျွန်းနှင့်ဆူဘင်းလေးမှာတော့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ရန်ဖြစ်သည်...ထို့ကြောင့်ခွဲထားပြန်တော့လဲမရ ၊ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတာ သူတို့မှသူတို့အစစ်...
ခုလဲ တစ်ယောက်ဆံပင်ကိုတစ်ယောက်ဆွဲထားလိုက်တာကြတာများ တင်းနေအောင်...မျက်လုံး၌လဲမျက်ရည်စတွေဝိုင်းလျက် ၊
" ချွဲယောန်ဂျွန်း...ငါရိုက်ရမှာလား "
သူ့ဘက်ကဆွဲဖြည်ပေးလေ ယောန်ဂျွန်းကတင်းနေအောင်ဆုပ်ထားလေမလို့ ဆူဘင်းလေးမှာပို၍အထိနာရသည် ၊ ရိုက်မယ်ဟုပြောမှသာ သူ့သားအဆိုးကောင်ကလွှတ်ကာ အသံကျယ်ကြီးဖြင့်ထငိုတော့သည်...ခုမှ၄နှစ်သားက မူယာမာယာလဲအများသား...တကယ်ဆို ဆူဘင်းလေးထပ် သူကသာပိုပြီးဆွဲထားတာ
" တိတ်တော့...လုပ်တုန်းကလုပ်ပြီး ခုမှဘာလို့ငိုနေတာလဲ..ဟမ်..နှစ်ယောက်သားဘယ်တော့မှတည့်ကြမှာလဲ "
" သူ..သူက..ဟင့်..ရင်လုပ်တာ အီးဟီးးးး "
" ဘာ သူကအရင်လုပ်တာလဲ..လုပ်ချင်းလုပ် ယောန်ဂျွန်းနီး သားကအရင်လုပ်တာဘဲဖြစ်မှာ "
ခေါင်းတွေကို တွင်တွင်ခါရမ်းကာ အငိုမတိတ်နိုင် ၊ ဆူဘင်းကအေးတဲ့ကလေးမလို့ ချွဲယောန်ဂျွန်း မူယာမာယာများနေတာအသိသာကြီးပင်...ခုတောင် ဆူဘင်းက စကားတစ်လုံးမှဝင်မပြောပေမဲ့ အိမ်ကသားကတော့ တစ်ရပ်ကွက်လုံးကြားအောင်ပင်အော်ငိုနေသည်
" ယောန်ဂျွန်းနီးး ဆက်ငိုနေရင်ရိုက်တော့မှာနော် "
ဘေးနားက ကြက်မွှေးကိုဆွဲယူကာ ကြမ်းပြင်ကိုနှစ်ချက်လောက်ရိုက်ကာ ပြောရသည် ၊ တစ်အိမ်လုံးမှာ ချွဲယောန်ဂျွန်းအကြောက်ဆုံးဆိုလို့တုတ်ဘဲရှိတာ