ဧည့်ခန်း၌ ဒယ်ဒီနဲ့စကားပြောနေပေမဲ့ စိတ်တို့ကတော့ မီးဖိုခန်းကယောန်ဂျွန်းဆီမှာပင် ၊ မုန့်တွေအမြဲတမ်းလုပ်တတ်ပေမဲ့ ချက်ပြုတ်တာကတော့ပထမဆုံးဖြစ်တာမလို့ ထိခိုက်မိသွားမှာကိုစိတ်ပူသည်
" ချွဲဆူဘင်း လိုက်သွားချင်လိုက်သွား "
" မသွားချင်ပါဘူး ဒယ်ဒီကလဲ "
မသွားချင်ဘူးပြောနေတဲ့သူက ခေါင်းတစ်ခြမ်းလုံးစောင်းနေလျက် ၊
" မင်းမသွားရင် ငါသွားမယ်...ကိုယ့်ယောက်ျားကိုကူမယ်မရှိဘဲ မင်းကဒီမှာအေးအေးဆေးဆေးထိုင်နေနိုင်တယ်ပေါ့ "
ပြောပြောဆိုဆို ဒယ်ဒီကရှေ့ကထွက်သွားတော့သည် ၊ မဂ်လာဆောင်တဲ့နေ့မှာတောင် ယောန်ဂျွန်းကိုသိပ်ကြည်ပုံမရတဲ့ ဒယ်ဒီက ဒီနေ့ကြလဲလူစားလဲခံထားရသလို...
အလုပ်ကိစ္စကြောင့် Busan ကိုရောက်လာတဲ့ ဒယ်ဒီက ဆူဘင်းကိုလွမ်းနေသည်မှာအသိသာကြီး ၊ ဒယ်ဒီ့ဆီမပြန်ဖြစ်တာ တစ်နှစ်လောက်ပင်ရှိတော့မှာမလား...အဲ့တာကြောင့် အလုပ်ကိစ္စအကြောင်းပြပြီးရောက်လာတာကို ညာချင်နေသေးသည်
" အာ...ဗိုက်ဆာနေပြီလားဗျ "
" မဆာသေးပါဘူးကွာ...သားကိုဘာများကူပေးရမလဲလို့ "
ဆူဘင်းအဖေဆီမှာကြားလိုက်ရတဲ့ သားဆိုတဲ့စကားကြောင့် ယောန်ဂျွန်းတစ်ကိုယ်လုံးတုန်တက်ကာ လက်ထဲကကိုင်ထားတဲ့ဓားဖြင့် အယောင်ယောင်အမှားမှားလှီးမိသည်မှာ လက်ညှိုးထိပ်ကိုသာ...
" အ့ "
" ဘေဘီ !!! "
" ဟင် "
" လက်ကို ထိသွားပြီမလား...ဓားကိုသတိထားဖို့ခုဘဲလာပြောတာကို "
ယောန်ဂျွန်းလက်အားဆွဲကာ ဘေစင်၌ရေဆေးပေးနေသည်အထိ လူကအတောင့်လိုက်ကြီးသာ...လက်ကနာကျင်မှုကိုပင်မခံစားနိုင်တော့တဲ့အထိ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ပင် ၊ နားထဲ၌ ဆူဘင်းရဲ့ ဘေဘီ ဆိုတာကိုသာထပ်ခါထပ်ခါပြန်ကြားနေသည်
" ကြီးကြီး ဆေးသေတ္တာလေးယူခဲ့ပေးပါအုံး "
" အဲ့...အဲ့လောက်ထိမလို... "