Be My Person ( edited version )

930 54 10
                                    

တစ်ယောက်စာတိုက်ခန်းကျဥ်းလေး​က ခေါက်ဆွဲဘူးခွံများ အအေးဘူးခွံများဖြင့်ရှုပ်ပွနေသည် ၊ အဝတ်တွေကလဲ ဟိုတစ်စဒီတစ်စမလို့ သူ့တိုက်ခန်းကအမှိုက်ပုံနဲ့တောင် ခပ်ဆင်ဆင်တူနေ၏ ၊ ဒီနေ့တော့အလုပ်ပိတ်တာမလို့ ဒါတွေကိုရှင်းမှဖြစ်တော့မည်...သက်ပြင်းတစ်ချက်ချကာ ဗိုက်ကိုအရင်ဖြည့်ဖို့တွေးလိုက်ပြီး အိမ်မှာရှိနေ​တဲ့ပေါင်မုန့်ကိုသာရေနဲ့မျှောချလိုက်ရတော့သည် ။

မင်းသားလေးဘဝကနေ ဒီလိုဘဝရောက်အောင်ရွေးချယ်ခဲ့သူမှာလဲ ကိုယ်တိုင်မလို့ ဘယ်သူ့မှလဲအပစ်တင်လို့မရပေမဲ့ cardတွေအားလုံးပိတ်ပစ်ကာ ပစ်ထားတဲ့ အဖေကတော့လွန်ရာကျတယ်မလား ၊ အိမ်ပေါ်ကဆင်းတယ်ဆိုတာသူတို့သားအဖအတွက်မဆန်းတော့သလို cardတွေပိတ်ပစ်တတ်သည်မှာလဲအဖေ့ရဲ့လုပ်ထုံးထုပ်နည်းပင်ဖြစ်လို့နေပြီ ၊ ဆန်းနေသည်က အရင်ကပိုက်ဆံကုန်တာနဲ့အိမ်ပေါ်ပြန်တက်ခဲ့ပေမဲ့ ဒီတစ်ခါတော့ အိမ်မပြန်သည်မှာတစ်နှစ်တောင်ပြည့်တော့မည်ဖြစ်သည်...အစပိုင်းတော့ အဖေ့က သူ့လူတွေကိုလာခေါ်ခိုင်းပေမဲ့ ခေါင်းမာတဲ့အကျင့်အားအဖေ့ဆီမှအပြည့်အဝပင်အမွေဆက်ခံထားသူဖြစ်တာကြောင့် နောက်ပိုင်းတွင်တော့အဖေ့လူတွေလဲမလာတော့သလို cardတွေလဲပြန်ဖွင့်မပေးခဲ့ ၊

အခန်းထောင့်တွင်ရှိသောပုံးတစ်ခုထဲမှ အိတ်ကြီးကြီးတစ်လုံးကိုယူကာ ရှင်းခဲ့တဲ့အမှိုက်တွေအားထိုထဲသို့ စုထည့်လိုက်သည် ၊ အစကတော့ညနေအပြင်သွားမှပစ်လိုက်မည်ဟု တွေးထားပေမဲ့ မထူးတော့တာမလို့ တစ်ခါတည်းပစ်ဖို့သာစဥ်းစားပြီး အောက်ကိုဆင်းလာခဲ့လိုက်သည် ၊

" sh*t...ရောက်နေပြန်ပြီ "

လက်နှစ်ဖက်တွင်အထုတ်အပြည့်ဆွဲလျက် မျက်မှန်အမဲကြီးတပ်ထားတဲ့သူအား မမြင်ချင်ယောင်ဆောင်ကာကျော်သွားမည်အလုပ် လှမ်းအော်တဲ့အသံကြောင့် ခြေလှမ်းတွေဟာတုန့်ခနဲ ၊ ဘေးဘီကိုဝေ့ဝဲကြည့်မိတော့ လူမရှိလို့သာတော်သေးသည်

" ဘေဘီ "

" ဒီသောက်ရှက်မရှိတဲ့ကောင်ကတော့ "

" ဘေဘီကလဲ ကိုယ့်ကိုမြင်ရဲ့နဲ့နော်..ဘယ်သွားမလို့လဲ လက်ထဲကဘာတွေလဲ "

YeonBin ( one shot collection )Where stories live. Discover now