ည 11နာရီ ၊
ပုံမှန်ဆို ဆေးခန်းပိတ်ချိန်ဟာ ည 10 နာရီဖြစ်ပေမဲ့ ဒီနေ့တော့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခြင်းပင် ၊ အကူသူနာပြုမလေးနှစ်ဦးကိုတော့ ပြန်ခိုင်းထားခဲ့ပြီးဖြစ်သည်...တစ်နေကုန်ဆေးရုံမှာအလုပ်ဆင်းခဲ့ရပြီး ညနေလဲဆေးခန်းထိုင်ရသေးတာမလို့ ဆရာဝန်ဖြစ်တဲ့သူ့မှာလဲ ပင်ပန်းကာနားချင်နေပြီဖြစ်တာကြောင့် ခပ်မြန်မြန်ပင် ဆေးခန်းပိတ်ဖို့တစ်ယောက်တည်း စတင်ရတော့သည်
ထိုအချိန် သူ့ဆေးခန်းရှေ့သို့ ထိုးရပ်လာသောကားတစ်စီး...ဝါသနာမပါတာမလို့ကားအကြောင်းတွေသေချာမသိပေမဲ့ ဒီကားရဲ့တန်ဖိုးကတော့မနည်းကြောင်းတော့ ခန့်မှန်းမိပါသည် ၊ ထို့နောက် ကားပေါ်ကဆင်းလာတဲ့သူ...ဝတ်စားထားပုံအရတော့ သူဌေးသားလူဆိုးလေးတွေလိုပေမဲ့ ဒီလူ့မှာအရှိန်အဝါတွေရှိနေပြန်သည် ၊ အဖြူရောင် sleeveless ပေါ်၌ အနက်ရောင်leather jacketကို ထပ်ဝတ်ထားပြီး အဖြူအနီအပြာစသောကြိုးများကလဲ ရှုပ်နေလျက် ၊ အနက်ရောင် skinny jeans အပြင် long bootsအနက်ရောင် ၊ နားတွင်လဲ ကွင်းသေးသေးလေးတွေကအများအပြား...ဘယ်လိုဘဲကြည့်ကြည့် ဒီလူ့ရဲ့ပုံစံဟာ သူနဲ့100% ကွဲပြားနေသည် ၊
လူတစ်ယောက်ကို ဒီလိုမျိုးစပ်စပ်စုစုကြည့်နေတာက သူ့အကျင့်မဟုတ်တဲ့အတိုင်း ကျန်ရှိနေတဲ့တံခါးတစ်ချပ်ကို ပိတ်ဖို့သာပြန်လှည့်လိုက်သည် ၊ လျပ်တပြတ်မြင်လိုက်ရတဲ့မျက်နှာလေးထပ်တွင်တော့ အညိုအမဲအရာများ...ဘာဘဲဖြစ်ဖြစ်ဂရုစိုက်မနေတော့ပါ သူလဲပင်ပန်းနေပြီလေ
" ဒီမှာ...ဒီမှာ "
ထွက်လာတဲ့အသံကိုက မာထန်နေလိုက်ပုံများ ၊ လှည့်မကြည့်ရသေးတောင် ခုနလူဘဲဖြစ်ရမည်
" ကျွန်တော့်ကို ခေါ်တာလား "
" ဒီမှာ ခင်းဗျားနဲ့ကျုပ်အပြင် ဘယ်သူ့ကိုတွေ့လို့လဲ "
ပြေပြေလည်လည်မရှိလှတဲ့ အသံကြောင့် ပုထုဇဥ်လူသားပီပီ ဒေါသထွက်သွားပေမဲ့ အလျင်အမြန်ပင်ထိန်းချုပ်လိုက်ရသည် ၊ ဒီလိုလူတွေနဲ့ရန်ဖြစ်နေလျှင် သူ့သိက္ခာကျတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်..