ပါးပြင်ထက်က ဒဏ်ရာတွေအား အရက်ပြန်ဖြင့်ခပ်ကြမ်းကြမ်းပင်ဖိပစ်လိုက်သည် ၊ နာသွားတဲ့မျက်နှာကရှုံ့မဲ့ကာ ပြောလက်စ စကားတွေလဲရပ်တန့်သွားတော့၏ ၊
" ဖြည်းဖြည်းလုပ်ပါ "
" ရန်ဖြစ်ခဲ့တုန်းကရော မနာဘူးလား "
" အဲ့တုန်းကသွေးပူနေတော့ "
" ဟိုကလေးတွေက ခုမှပထမနှစ်လေးတွေဘဲရှိသေးတယ် မင်းတို့ကစီနီယာဖြစ်ပြီးအဲ့လိုအနိုင်ကျင့်နေတာ ဖြစ်သင့်ရဲ့လား "
" အနိုင်ကျင့်တာမှမဟုတ်တာ အဲ့ကလေးတွေကသာ အရှုံးကို လက်မခံနိုင်ဘဲ သွေးရူးသွေးတန်းတွေဖြစ်နေတာ "
ဆူဘင်းတို့ရှိနေသော ပြိုင်ပွဲနေရာသို့မနေ့ညက ထိုကောင်လေးတွေပါရောက်လာကာ ကားပြိုင်မောင်းခဲ့သေးသည် ၊ မဖြစ်စလောက်skillနဲ့ ပေါက်စလေးတွေမလို့ အေးအေးဆေးဆေးသာအနိုင်ယူခဲ့ပေမဲ့ မအေးဆေးနိုင်သည်က ထိုမအေဘေးလေးတွေ ၊ ရှုံးမဲ မဲကာ ပြသာနာထရှာတာကို ပေါက်စတွေမလို့ လစ်လျူရှုကာ ရှောင်ထွက်ခဲ့လိုက်သည် ၊ သို့ပေမဲ့ ထိုကိစ္စက ထိုနေရာတွင်မပြီးဘဲ ကျောင်းထိသယ်လာကာမိုက်ကြေးခွဲနေသည်မလို့ နည်းနည်းပါးပါးသွေးပူလေ့ကျင့်ခန်းလေးလုပ်ခဲ့ရုံဘဲ ၊ သူထိုးကိုယ်ထိုးမလို့ ဒဏ်ရာသေးသေးလေးတွေရခဲ့ပေမဲ့ ချွဲယောန်ဂျွန်းဆီကattention ရအောင် သူ့မှာနာပြ ရှုံ့ပြ မဲ့ပြနေရသည်
ကြင်နာတတ်သူ ချွဲယောန်ဂျွန်းမှာလည်း ထိုကလေးတွေဘက်ကသာနေပြီး သူ့ကိုဆေးသာထည့်ပေးနေပေမဲ့အကြမ်းပတမ်း ၊
" ချွဲဆူဘင်း မင်းတို့ကစီနီယာနော်...သူတို့ကိုတောင်မင်းတို့က ဆုံးမပေးရအုံးမှာကို အခုတော့ ကလေးတွေနဲ့အပြိုင် ထင်တိုင်းကြဲနေတာဘဲ ၊ ကလေးတွေအပေါ် အကြင်နာတရားလဲရှိမဲ့ပုံမပေါ်ဘူး "
အင်းလေ..ချွဲယောန်ဂျွန်းက နောက်ဆုံးနှစ်ကစီနီယာကြီးဆိုတော့ ကြင်နာပြနေလိုက်တာ စီနီယာပီသပြနေလိုက်တာ ၊ အဲ့လိုအကြင်အနာတွေက သူ့ထပ်တစ်နှစ်သာငယ်တဲ့ ဒီကောင့်ကိုတော့ ကွင်းသွားလိုက်တာများ ၊ ချွဲဆူဘင်းက ရက်စက်သူကြီးအဖြစ်ပေါ့ ၊ ပြောရင်လဲပြောချင်စရာပါ သူတို့ကြောင့် ထိုကလေးတွေလဲဆေးရုံတစ်လလောက်တက်ရမည့်အခြေအနေကိုး...နှလုံးသားလေးနုတဲ့ချွဲယောန်ဂျွန်းရှေ့မှာ သူကနတ်ဆိုးသဖွယ်မဖြစ်ချင်တာကြောင့် မျက်နှာလေးကိုအတတ်နိုင်ဆုံးငယ်ထားလိုက်သည် ၊ ဘယ်သူကြည့်ကြည့် သနားကာမျက်ရည်ပါကျသွားရမဲ့ ရုပ်မျိုးနှင့် သက်ပြင်းတွေကိုပါချလျက်...