" ဟင့်အင်း လက်မထပ်ဘူး..အဲ့လူနဲ့လက်မထပ်ချင်ပါဘူး "
" အခုလက်ထပ်ခိုင်းနေတာလဲမဟုတ်ဘူးလေ စေ့စပ်ထားရုံဘဲကို "
" စေ့စပ်တာကိုလဲ မလုပ်နိုင်ပါဘူး "
" ဘာလို့ငြင်းနေရတာလဲ ၊ ထယ်ဟွန်းကရုပ်လဲချောတယ် သဘောလဲကောင်းတယ် မိဘအသိုင်းအဝိုင်းကလဲဘာမှပြောစရာမလိုဘဲ လိမ္မာရေးခြားရှိတဲ့ကလေးတစ်ယောက်လေ "
" ဒါဆို ဆူဘင်းလဲ ရုပ်ချောပြီး သဘောကောင်းတာဘဲ မိဘအသိုင်းအဝိုင်းဆိုommaတို့appaတို့နဲ့တောင်ငယ်သူငယ်ချင်းဘဲလေ "
" ဆူဘင်းကနင့်ကိုမှမချစ်တာ...ထယ်ဟွန်းကချစ်တယ်လေ "
" ဒါပေမဲ့သားမှထယ်ဟွန်းကိုမချစ်တာ "
" ဒါဆို ဆူဘင်းကိုကြချစ်တယ်ပေါ့ "
" စေ့စပ်တာဘဲဖြစ်ဖြစ် လက်ထပ်တာဘဲဖြစ်ဖြစ်ဘာကိုမှလက်မခံနိုင်ဘူးနော် "
ပြောပြီး ဆောင့်အောင့်ကာဖြင့် အပေါ်ကိုတက်သွားသည် ၊ ထယ်ဟွန်းကိုငြင်းနေပြီး ဘာလို့ဆူဘင်းမဟုတ်ရတာလဲဟုဆိုကာ ပြသာနာရှာတာက တစ်ညလုံးပင်...အကြပ်ကိုင်ရင်ဝန်ခံမယ်တွေးခဲ့ပေမဲ့ သူမ သားက အကြောတင်းလွန်းသည် ၊ ချစ်တယ်တစ်ခွန်းမပြောဘဲ ငြင်းမြဲသာငြင်းဆဲ... ဒါပေမဲ့ သူကချွဲယောန်ဂျွန်းအမေပါ ဒီအမေထပ်သားကပိုပြီးအကြောတင်းနိုင်မှာတဲ့လား ၊
ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမဲ့ ယောန်ဂျွန်းမျက်နှာကိုမြင်လိုက်တာနဲ့ မွေးခဲ့သမျှ သတ္တိအလုံးစုံက အဝေးကိုလွင့်စင်သွားသည် ၊ ငယ်သူငယ်ချင်းသံယောဇဥ်ကိုတောင်ဆက်ပြီးမထိန်းထားနိုင်ရင်ဘယ်လိုလုပ်မလဲ
သူကသာတစ်ယောက်တည်းပူပန်နေရပေမဲ့ ဘေးနားက ယောန်ဂျွန်းကတော့ အစားအသောက်ပင်မပျက်ပါ..သူမှာထားတာအပြင် ဆူဘင်းမှာထားတာကိုပါ မြည်းကြည့်မယ်ဆိုကာ ကုန်ပင်ကုန်တော့မည်
" ဖြည်းဖြည်းစား...နင်ပြီးသေတယ်ဆို ကြားလို့လဲမကောင်းဘူး "
" အေးအေးဆေးဆေးနေစမ်းပါ...စားချင်လွန်းလို့စားနေတာမဟုတ်ဘူး ၊ စိတ်ညစ်လို့စားနေတာ "