" ချွဲဆူဘင်း ဟိုမှာ မင်းပီကေလေး လာနေပြီ "
*ကျစ်* တစ်ချက်စုပ်သပ်ကာ မျက်နှာကိုရှုံ့မဲ့ပစ်လိုက်သည် ၊ သောက်လက်စအအေးအား ဆက်သောက်နေလိုက်ကာ လှည့်လဲမကြည့်မိ ၊ သာယာနေတဲ့ သူ့ဘဝလေးကိုဖျက်ဆီးခဲ့သူမလို့ အမြင်မကြည်နိုင်ပါ
" ဟင် ကလေးလေး ငိုလာတာလား "ဂျောင်မင်အသံကြောင့် ခါးတို့မှာမတ်ကနဲဖြစ်သွားပေမဲ့ မော့မကြည့်ဘဲအသံတို့ကိုသာနားစွင့်နေလိုက်သည် ၊ စိတ်ပူလို့မဟုတ်ပါဘူး ဒီကလေးတစ်ခုခုဖြစ်သွားရင် သူ့ခေါင်းပေါ်ဘဲအပစ်တွေပုံလာမှာမလို့
" ပြော ကလေးလေးကို ဘယ်သူကဘာလုပ်လို့လဲ "
ထိုကလေးဆီက တော်တော်နဲ့အသံထွက်မလာတာကြောင့် မသိမသာခိုးကြည့်မိတော့ အောက်နှုတ်ခမ်းလေးကို ကိုက်ထားကာ မျက်လုံးတွင်လဲ မျက်ရည်စလေးများပြည့်လျှံနေသည် ၊ ကိုက်ထားတဲ့နှုတ်ခမ်းလေးမှာလဲ တစ်ဆက်ဆက်တုန်လျက်..
" ကလေးလေး "
" မေးရင်ဖြေရမယ်ဆိုတာမသိဘူးလား ချွဲယောန်ဂျွန်း "
ခပ်မာမာလေးဟောက်လိုက်တော့ ပြည့်လျှံနေတဲ့မျက်ရည်စလေးက ပါးပြင်ထက်ကိုစီးကျလာသည် ၊ တစ်အင့်အင့်ရှိုက်သံလေးများကြားမှ ဆူဘင်းကိုခေါ်လာတဲ့ အသံတိုးတိုးလေး ၊
" ဟင့် ကိုကို "
" ချွဲဆူဘင်း ဝမ်းနည်းနေတဲ့ကလေးကိုဘာလို့ ငိုအောင်လုပ်တာလဲ "
" အရမ်းချစ်နေရင် ခေါ်သွား ဟေ့ကောင် "
" အေး ခေါ်သွားမှာ ကလေးလေးကိုငါနဲ့ဘဲခေါ်ထားချင်တာ ၊ မင်းလိုကောင်လက်ထဲ တစ်စက္ကန့်တောင်မထားချင်ဘူး...ကလေးလေး hyung အိမ်လိုက်ခဲ့နော် "
" ဟင့်အင်း "
" ခွီး "
တစ်ချိန်လုံး ငြိမ်နေတဲ့ မင်ဟွန်းက ထိုကလေးရဲ့ငြင်းဆိုသံကိုတော့ မရယ်မိအောင်မထိန်းနိုင်ပါ ၊ ဂျောင်မင်ဆိုတာလဲ တကယ်ကိုအမှတ်မရှိတဲ့ကောင်...ဟိုကလေးက ချွဲဆူဘင်းအနားကပ်လွန်းလို့ သူတို့တွေအကုန် ချွဲဆူဘင်းရဲ့ပီကေလေးလို့တောင်ခေါ်ကြတာကို သူနဲ့လိုက်ခဲ့ဖို့ခေါ်ရဲသေးသည် ၊ ဂျောင်မင်မျက်နှာမှာဆူပုတ်နေသလောက် ချွဲဆူဘင်းရဲမျက်နှာတွင်တော့ကျေနပ်ပြုံးကြီးဖြင့်...ကြည့်မရဘူး အမြင်မကြည်ဘူးလို့ပြောခဲ့တာ သူမဟုတ်သလို ထိုကလေးကသူ့ကိုရွေးချယ်တဲ့အခါတိုင်း ဖုံးမရဖိမရတဲ့အပြုံးတွေကို မြင်နေရသည်