" ဒါဆို ငါကဘယ်လိုဖြေပေးရမှာလဲ ၊ ချွဲဆူဘင်းက ကျွန်တော်ရဲ့ချစ်သူကောင်လေးအဖြစ် မရှိလို့မဖြစ်တဲ့ဖြစ်တည်မှုပါလို့ဖြေရမှာလား "
ယောန်ဂျွန်းကရွဲ့မေးသော်လည်း ထိုကောင်ကခေါင်းငြိမ့်ပြ၏ ၊ ဆံပင်တွေကိုဆွဲဖွလိုက်မိတာက စိတ်ညစ်လွန်း၍သာ ၊ interview မှာ ဖြေခဲ့တဲ့အဖြေကို ဆူဘင်းကောက်နေသည်က ထိုအချိန်ကတည်းကပင် ၊ ချွဲဆူဘင်းက ယောန်ဂျွန်းအတွက်ဘယ်လိုဖြစ်တည်မှုမျိုးလဲဟူသော အမေးကို team အနေနဲ့ leader အဖြစ်လိုအပ်တဲ့ဖြစ်တည်မှုမျိုးဟု ဖြေခဲ့သည်ကို လူဆိုးကောင်ကမကျေမနပ်တွေဖြစ်နေတော့တာ ၊
" အဲ့လိုဖြေလို့မဖြစ်တာသိရဲ့နဲ့ "
လေသံလေးမှာ ညုတုတုအပြင် နှုတ်ခမ်းရဲရဲလေးကပါ အစစ် ဆူထွက်လာ၏ ၊ ချော့လို့မရတဲ့အဆုံး ချွဲဖို့ကြံနေတာကို ဆူဘင်းသိသည် ၊ ထို့ကြောင့် စိတ်ကိုပြင်ဆင်ကာ မျက်နှာကိုအတတ်နိုင်ဆုံးတည်ထားလိုက်၏ ၊ ဒီရက်ပိုင်း ချွဲယောန်ဂျွန်းတို့ သူ့ကိုပလစ်ထားတာများနေပြီ ၊
" လူတွေရှေ့မှာမပြောပြလည်း မင်းကငါ့အတွက်အဲ့လိုဖြစ်တည်မှုမျိုးပဲကို ၊ ငါ့စိတ်ကိုမသိဘူးလား...လူကိုစိတ်မကောင်းအောင် ဘာလို့မယုံကြည်တဲ့ပုံမျိုးတွေလုပ်နေရတာလဲ "
" ဘယ်သူကမယုံကြည်ဘူးပြောနေလို့လဲ "
မျက်လုံးကိုဖုံးနေတဲ့ဆံပင်လေးကို ဖယ်ပေးသောအခါ မျက်ဝန်းတောက်တောက်လေးများဖြင့် မော့ကြည့်လာပြီး..." မင်းပဲ စိတ်ဆိုးနေပြီး "
" မယုံကြည်တာမဟုတ်ဘူး ၊ ပိုင်ဆိုင်ကြောင်းပြချင်သွားတာ...မဖြစ်နိုင်တာကိုသိတယ် ဒီအတိုင်း စိတ်လောသွားတာမလို့ စိတ်ထဲမထားနဲ့ ၊ အခုအဆင်ပြေသွားပြီ "
" တကယ်လား "
ဆူဘင်းခေါင်းငြိမ့်ပြသော်လည်း မျက်နှာအားလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ 'တကယ်လား' 'သေချာလား' နဲ့ မေးသည်မှာ အကြိမ်ကြိမ်အခါခါ ၊ ဒီလိုချစ်စရာလေးကို ဘယ်သူကစိတ်ချနိုင်မှာတဲ့လဲ...ပိုင်ဆိုင်ကြောင်းကြေညာချင်သည် ၊ မဏ္ဍပ်တိုင်တက်ပြချင်သည် ၊ လူအများကြားမှာ ချစ်ပြချင်သည် ၊ သို့သော် မဖြစ်နိုင်တာကိုလည်း ဆူဘင်းသိပါသည် ၊ သူတို့က idolတွေမလား...သာမန်အချစ်ရေးတွေမှာတောင် အတိုက်အခိုက်တွေများနေလျှင် သဘာဝကိုလွန်ဆန်ထားတဲ့ သူတို့အချစ်ရေးမှာ ဘယ်လောက်တောင် အထိအရှတွေများလိုက်မလဲ ၊ ထိုအရာတွေကို သူအနေနဲ့ရင်ဆိုင်နိုင် ရင်ဆိုင်ရဲပေမဲ့ ချစ်ရသူဘေး အဆိပ်ငွေ့လေး မဝေ့စေချင် ၊