ပေါင်ပေါ်တင်ထားသော လက်သီးဆုပ်တို့မှာ ဒေါသကြောင့် တင်းတင်းကြပ်ကြပ် ၊ မျက်ခုံးနှစ်ဖက်မှာလဲ တွန့်ချိုးနေကာ အံကိုတင်းနေအောင်ကြိတ်ထားမိသည်basket ball လေ့ကျင့်ဖို့မသွားမီ ဒယ်ဒီ့ကုမ္ပဏီကိုအရင်ဝင်ခဲ့သည် ၊ အသင်းသားတွေနဲ့အတူရှိနေမှာမလို့ အိမ်ပြန်မလာဖြစ်ကြောင်း ဝင်ပြောခြင်းလဲဖြစ်သည် ၊ သို့သော် ရောက်ရောက်ချင်းကြားလိုက်ရသော စကားတို့မှာ ဆူဘင်းဒေါသတို့အား ဆွနေသယောင် ၊
သူ့ရှေ့ကလူအားဆွဲထိုးလိုက်ချင်ပေမဲ့ ဒယ်ဒီ့မိတ်ဆွေဆိုတဲ့ အသိနဲ့ထိန်းလိုက်ရခြင်း ၊ သူလုပ်လိုက်ရင်တောင် ဒယ်ဒီကဘာမှပြောမှာမဟုတ်ပေမဲ့ ဒယ်ဒီမျက်နှာပျက်စရာမျိုးကိုတော့မလုပ်ချင်ပါ
ထိုလူပြန်သွားသည်နှင့် ဒယ်ဒီရဲ့အကြည့်တွေမှာဆူဘင်းဆီသို့ ကျရောက်လာသည် ၊ မျက်ခုံးတစ်ဖက်ပင့်ကာ ဘာလဲဟူသောပုံစံဖြင့်...ပျက်ယွင်းနေတဲ့ဆူဘင်းမျက်နှာတွေကို ဒယ်ဒီရိပ်မိသွားတာဖြစ်မည်
ခေါင်းကိုငုံ့ကာ ဒယ်ဒီ့ရှေ့ကို ဒူးထောက်ချလိုက်သည် ၊ တစ်သက်လုံး သူလိုမိဘမဲ့ကိုစောင့်ရှောက်ခဲ့တဲ့ကျေးဇူးအား ကန်းရတော့မည်နှင့်တူသည်
" ဘာလုပ်တာလဲ အဲ့တာ "
ဒယ်ဒီ့စကားကိုချက်ချင်းပြန်မဖြေမိ အသက်ကိုသာဝဝရှူသွင်းလိုက်သည် ၊ ဒယ်ဒီကတော့ နားမလည်သလိုသူ့ကိုသာကြောင်ကြည့်နေလျက်
" ချွဲယောန်ဂျွန်းက ကျွန်တော့်ဟာပါ "
မျက်လုံးချင်းစုံကာ ပြောလိုက်တဲ့စကားနောက်ဒယ်ဒီ့မျက်ခုံးတန်းတို့ဟာ တွန့်ချိုးသွားသလို ဆူဘင်းအသက်ရှူသံတွေလဲ မြန်လာသည်
" နားလည်အောင်ပြော "
အတော်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ထွက်လာတဲ့စကားသံက ဆူဘင်းလက်မှအမွှေးနုလေးတွေပါထောင်သွားသည်အထိပင် ၊ ဒယ်ဒီ့ကိုချစ်ပေမဲ့ ကြောက်လဲကြောက်ပါသည်...သို့ပေမဲ့ အရဲစွန့်ကာ..
" ချွဲယောန်ဂျွန်းက အထက်တန်းကတည်းက ကျွန်တော်သဘောကျခဲ့တဲ့သူပါ "
ဆူဘင်းလဲ ဒူးထောက်နေရာကမထသေးသလို ဒယ်ဒီကလဲခေါင်းတငြိမ့်ငြိမ့်သာ ၊ ပြောရမယ်ဆို မဆိုးတဲ့အခြေအနေမှာရှိသည်