မီးရောင်ပြိုးပြိုးပျက်ပျက်နှင့် ဆူဆူညံညံ club တစ်ခု ၊ club ထဲက ဆူညံသံထပ် ဘေးကလူရဲ့အော်ဟစ်နေသံကြောင့် ဆန်းဝူမှာနားနှစ်ဖက်အား လက်ဖြင့်ပိတ်ထားရသည် ၊ ဖြစ်နိုင်ရင်အော်နေတဲ့သူရဲ့ပါးစပ်ကိုပိတ်လိုက်ချင်ပေမဲ့ အမူးသမားကပိုရစ်တော့မှာကိုသိတာကြောင့် ထပ်ပြီးနားပူမခံနိုင်တော့ပါ..
" ဘောမ်ဂယူရေ...ချွဲဘောမ်ဂယူရေ..မင်းကွာ..ဟင့်..မင်းကိုယ့်ကိုကွာ.. အီးဟီး လုပ်ရက်လိုက်တာ "
" ကိုယ့်..ကိုယ့်မှာတော့ မင်းကိုချစ်လိုက်ရတာ..မင်းကတော့ ကိုယ့်ကို... "
" ဆန်းဝူ မင်းသိလား..ဟင့်..ငါ ဘောမ်ဂယူကို လက်ထပ်ဖို့စဥ်းစားထားတာလို့..အီးဟီး "
အကြောင်းမှာ ချွဲယောန်ဂျွန်းတစ်ယောက်အသဲကွဲနေခြင်း ၊ လက်ထပ်ဖို့ထိစဥ်းစားထားတယ်ပြောရအောင်လဲ သူတို့တွဲခဲ့တာ နှစ်ရက်တောင်ပြည့်တာမဟုတ်ဘဲကို...စိတ်ညစ်စွာ ရှေ့ကဝိုင်ခွက်ကိုသာ မော့သောက်လိုက်မိတော့သည် ၊ ချွဲယောန်ဂျွန်းက စရောက်ကတည်းကပြောနေတဲ့စကားတွေကို ထပ်ပြောဖို့အစချီနေပြီလေ...
" ဟင်..တကယ်ဘဲ ကိုယ့်ကိုချစ်တာလား "
အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငြိမ့်အဖြေပေးတဲ့ ဘောမ်ဂယူကြောင့် ယောန်ဂျွန်းမယုံနိုင်စွာမျက်လုံးများပြူးလျက်စိုက်ကြည့်မိတော့သည်
" ဟို..အရမ်းမြန်သလားလို့ "
" ဘာလဲ...အဲ့ဘက်က ကျွန်တော့်အချစ်ကိုမယုံတာလား "
မနေ့က dinner တစ်ခုတွင်တွေ့လိုက်ရတဲ့ကောင်လေးကိုစိတ်ဝင်စားတာကြောင့် ညတွင်းချင်းစုံစမ်းခိုင်းပြီး မနက်ရောက်တာနဲ့ ဆိုင်တစ်ခုမှာချိန်းကာရည်းစားစကားပြောလိုက်ခြင်းပင် ၊ သူ့လုပ်ရပ်ကမြန်တယ်ဆိုတာသိပေမဲ့ ဘောမ်ဂယူဘက်ကလဲ ချက်ချင်းကြီးအဖြေပေးနေသည်...မဟုတ်မှ အစကတည်းကသူ့ကိုစိတ်ဝင်စားနေတာများလား ၊ အက်ျီကော်လံစကို လက်ဖြင့်သပ်ကာ နှုတ်ခမ်းတစ်ဖက်တည်းဖြင့်ပြုံးလိုက်မိသည်... တကယ်ကို ချွဲယောန်ဂျွန်းက နာမည်ကြီးဘဲ