Mirror ... 1

2.4K 126 12
                                    

Unicode

လေဆိပ်ကနေ အပြင်ဘက်သို့ ခြေချလိုက်ပြီးနောက် ရိပေါ်တယောက် စိတ်ကိုလျော့ချလိုက်တော့သည်။

ဒါဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်ကို သူပြန်လာခြင်းဖြစ်သည်။ဖိုးဖိုးကြီးဆုံးသွားပြီဆိုတဲ့ သတင်းနှင့်အတူ လုပ်ငန်းအမွေဆက်ခံဖို့ရာ သူဒီကိုပြန်လာခဲ့ရသည်။

မွေးပြီးလသားအရွယ်ကတည်းက တဖက်နိုင်ငံကို ထွက်သွားခဲ့ရသည်မို့ ဒီကနေရာတွေကို သူသေချာမသိပါ။ထိုကြောင့်လည်း ဟိုဘက်လေဆိပ်မှာကတည်းက သူထွက်လာပြီဖြစ်ကြောင်းနဲ့ လာကြိုဖို့လူလွှတ်ပေးရမည့်အကြောင်းကိုပါ ဖိုးဖိုးကြီးရဲ့ လူယုံလက်ထောက်ဆိုသူကို ဖုန်းဆက်ထားခဲ့သည်။

ဟိုမှာနေတာများတော့ အင်္ဂလိပ်လိုသာအပြောများခဲ့ပေမယ့် တရုတ်စကားကိုလည်း အမေကအိမ်သုံးအနေဖြင့် သင်ပေးပြောပေးခဲ့သည်မို့ တတ်ကျွမ်းလေသည်။

လေယာဉ်ဆင်းပြီး အခုဆို မိနစ်အနည်းငယ်လောက်ပင် ကြာနေပြီဖြစ်သော်လည်း သူ့ကိုလာကြိုတဲ့သူဟာမရောက်သေး...

စိတ်မရှည်စွာဖုန်း အကြိမ်ကြိမ်ဆက်တာကိုလည်း ကိုင်သူကမဲ့နေတယ်။

"တောက်!!"

အားပြင်းပြင်းတောက်ခေါက်သံကြောင့် ဘေးနားကဖြတ်သွားဖြတ်လာတွေက သူ့ကိုကြည့်လာတယ်။
စိတ်တိုတာကတော့ တိုတာပေါ့ ဒါပေမယ့်လည်း အနည်းငယ်တော့ ရှက်လာသည်မို့ luggageကိုဆွဲပြီး အပေါက်ဝမှာသွားရပ်စောင့်ဖို့သာပြင်လိုက်တော့သည်။

သွားနေရင်း နောက်မှနေ

"ဟေ့့ မင်းက... ဝမ်ရိပေါ်လား"

ခေါ်တာကိုက အချိုးမပြေ လူကို ဟေ့တဲ့။ နဂိုတိုနေတဲ့စိတ်နဲ့ နောက်ကို ဆတ်ခနဲလှည့်လိုက်‌ပြီး အော်ငေါက်ဖို့ပြင်လိုက်ပေမယ့် နောက်မှာရှီနေတဲ့သူဟာ သူထက် အရပ်အနည်းငယ်ပိုမြင့်နေသည်မို့ မော့ကြည့်နေရသည်။

ညိုရိပ်သန်းနေတဲ့အသားအရေ ရှည်လွန်းတဲ့အရပ်အမောင်း ဝတ်ထားတဲ့ suitနဲ့လည်း လိုက်ဖက်နေသည်မို့ ဒီလူဟာ ကြည့်ကောင်းနေသေးသည်။

သို့သော်လည်း ကြားခဲ့ဖူးသည့် "ဖိုးဖိုးရဲ့လူယုံ"ဆိုတဲ့ အသံကြောင့် အလိုလိုမျက်မှောင်ကြုံကာ

Mirror Where stories live. Discover now