Mirror ... 9

1.1K 86 32
                                    

Unicode

ရုတ်တရက်အနမ်းခံလိုက်ရတဲ့အခါ တစ်ခဏမျှတော့ သူဘယ်သူဆိုတာ မေ့ချင်ချင်ဖြစ်သွားရတယ်။
ရိပေါ့်ဘက်က စနမ်းသည်ဆိုတာ ရှီကိုမရှီခဲ့ဖူးသည့် ဖြစ်စဉ်တစ်ရပ်လေ အခုတော့ သူ့နှုတ်ခမ်းကို ထိကပ်ထားတဲ့ နူးနူးအိအိအသားဆိုင်လေးကြောင့် ရူးချင်နေပြီ

သေချာပါသည် သူရိပေါ့်အပေါ် ခံစားချက်ရှီသည်။ နှစ်ယောက်ရဲ့ စတွေ့ခြင်းက အစမကောင်းခဲ့ပေမယ့်လည်း အချိန်တွေနဲ့အတူ လူလည်းပြောင်းလဲသွားသည်ထင်ပါရဲ့

ခဏသာကြာလိုက်တဲ့ ရိပေါ့်ဘက်ကအနမ်းလေဟာ သူ့အတွက်တော့ အချိုမြိန်ဆုံးသောအရာဘဲ

"ကိုယ်အခုချိန်သာ မင်းကို တစ်ခုခုလုပ်လိုက်ရင်စိတ်ဆိုးမှာလား"

"အင်း ဆိုးမှာ"

ရှောင်းကျန့်က ရိပေါ့်ခါးကနေပွေ့ယူလိုက်ပြီး သူ့အပေါ်ခွထိုင်စေလိုက်တယ်။

"ဘယ်လိုလုပ်ရမလဲ မင်းစိတ်ဆိုးနေတဲ့ ပုံလေးကို ကိုယ်သဘောကျတာမို့ .."

ပြောပြီးနှုတ်ခမ်းနှစ်စုံကိုပြန်လည်ထိစပ်စေလိုက်တယ်။

"ပြွတ်စ် နမ်းရင် ထိရုံဘဲမထိသင့်ဘူးလေ"

ရိပေါ်က ရှောင်းကျန့်လည်ပင်းကို သိုင်းဖက်လိုက်ပြီး

"ဘယ်လိုမျိုးကိုနမ်းတယ်လို့ခေါ်တာလဲ"

အပြုံးလေးနဲ့ ပြန်မေးလာတဲ့ကောင်လေးကို စိတ်ရှီတိုင်းသာဆို ဆွဲလှဲပစ်လိုက်လောက်ပြီ။အသည်းယားမှု ဒီဂရီမြင့်တက်လာသည်နှင့် ခါးပေါ်က လက်တွေကလည်း တင်းသည်ထက်တင်းလာသည်။

"ဒီလိုမျိုးလား"

ရှောင်းကျန့် နှုတ်ခမ်းကိုတစ်ချက်စုပ်လိုက်ပြီး ပြန်ခွာလိုက်တယ်။

"ဟား ကိုယ်တော့ရူးတော့မယ်ထင်တယ်"

"ရူးလို့မရသေးဘူး ငါအရူးလင်မဖြစ်ချင်ဘူး"

"အားး စိတ်ဆိုးချင်ဆိုးတော့ကွာ သည်းမခံနိုင်တော့ဘူး"

ဆိုဖာပေါ် ဘုတ်ခနဲ လှဲချခံလိုက်ရပြီး လန့်ချိန်တောင်မရလိုက် ရှောင်းကျန့်ရဲ့ အငမ်းမရ အနမ်းကို အသက်ရှုရပ်မတတ်ခံစားလိုက်ရပါတော့သည်။

Mirror Where stories live. Discover now