Mirror ... 2

1.1K 114 13
                                    

Unicode

ခရီးဝေးမထွက်ဖူးသည့် ရိပေါ်တယောက် အချိန်အကြာကြီးလေယာဉ်စီးလာခဲ့ရသည်မို့ အိမ်ကြီးဆီရောက်ကတည်းက အိပ်လိုက်တာ နေဝင်ချိန်ရောက်မှသာနိုးတော့သည်။

အိစက်စက်မွေ့ယာပေါ် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ဖြင့်နိုးလာပြီဖြစ်သော်လည်း မထချင်။

*ဒေါက် ဒေါက်*

အဆက်မပြတ်မြည်နေတဲ့ တံခါးခေါက်သံဟာ ကြည်နေတဲ့စိတ်တွေကို နောက်စေတယ်။ မထချင် ထချင်ဖြင့် မွေ့ယာပေါ်က ဆင်းလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။

"သခင်လေး"

ခေါ်သံနှင့်အတူ ဦးညွှန့်နေသည့် လူအား မျက်လုံးတွေကိုပွတ်ရင်း

"ဘယ်သူလဲ"

ထိုအခါ မော့ကြည့်လာသည့် သူဟာ အသက်အရွယ်
အားဖြင့် 50ကျော်လောက်ရှီပြီထင်ရ၏။

"ကျွန်တော်က သခင်ကြီးလက်ထက်ကတည်းက ဒီအိမ်တော်မှာ အိမ်ထိန်းအနေနဲ့အလုပ်လုပ်နေသူပါ သခင်လေး"

"အိမ်ထိန်း? အင်း ဒါဘဲမလား"

တံခါးပြန်ပိတ်ဖို့ပြင်လိုက်တော့ ထိုအိမ်ထိန်းဆိုတဲ့ ဦးလေးကြီးက လက်နဲ့ကာလိုက်ပြီး

"ကျွန်တော်က သခင်လေးကို ထမင်းစားဖို့လာခေါ်တာပါ"

"ပြီးရင် လာခဲ့မယ်"

တံခါးထပ်ပိတ်ဖို့လုပ်ပြန်တော့ တားပြန်သည်။

စိတ်မကြည်ပါဘူးဆို ဒီဦးလေးနဲ့တော့!

"ပြီးတော့ သခင်လေး...."

"ဘာလဲဗျာ အိပ်ချင်ပါတယ်ဆို မြန်မြန်ပြောလို့မရဘူးလား"

"မင်း! လူကြီးနဲ့စကားပြောတာတောင် ရိုင်းပါလား ဟမ်"

ဘယ်ကထွက်လာမှန်းမသိတဲ့ အသံကြောင့် ရိပေါ်တယောက် ဟိုဒီလိုက်ကြည့်တော့သည်။

"ဘယ်ကကောင်တုန်း ငါ့လာပြောနေတာ"

ဂွက်ဒ်!

"အာ့"

အခေါက်ခံလိုက်ရတဲ့ခေါင်းကြောင့် ပို၍ပင် စိတ်တိုသွားရပြီ သူ့ခေါင်းကိုထိရဲသူအားလှည့်ကြည့်လိုက်တော့

Mirror Where stories live. Discover now