Mirror ... 6

1K 92 24
                                    

Unicode

အခုဆို ရိပေါ်ကလုပ်ငန်းအကြောင်းကို အတော်များများ တတ်ကျွမ်းနေပြီဖြစ်ပြီး တချို့ကိစ္စတွေဆို ကိုယ်တိုင်ပါဝင်လို့ အလုပ်ကြိုးစားနေပြီပင် ဖြစ်သည်။

ရှောင်းကျန့်ကတော့ သင်ပေးစရာရှီတာသင်ပေးရင်းမှနေ ရိပေါ်နဲ့ ဖြေးဖြေးချင်းဖြင့် ရင်းနှီးလို့လာလေပြီ။ သို့သော်လည်း ရိပေါ်က အခေါ်အဝေါ်ကိုတော့ သူနဲ့ သူငယ်ချင်းတွေ ရွယ်တူတွေလိုခေါ်တုန်း အဲ့တချက်ကတော့ ပြောမရဆိုမရလေး

ရင်းနှီးကျွမ်းဝင်လာတာနဲ့အမျှ သူထင်ခဲ့သလို ရိပေါ်ဟာ ရိုင်းစိုင်းလွန်းတဲ့ ကောင်လေးတစ်ယောက်တော့ဟုတ်မနေခဲ့ဘူး။ ဘာအကြောင်းကြောင့်များ စ,စတွေ့ချင်းက သူ့ကိုအထက်စီးကနေ ဆက်ဆံခဲ့သည်မသိပေမယ့် အခုတော့ အခြေအနေတွေဟာ အရင်နဲ့မတူတော့ဘဲ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းတော့ရှီလာသည်။

ပြောချင်တာရှီ ဖုံးကွယ်မထားတော့ဘဲ တိုက်ရိုက်ချည်းပြောနေကြတော့ ရန်ပွဲအနည်းငယ်က ရှီစမြဲ။
အခုလိုပေါ့ အလုပ်သမားအသစ်မလိုပါဘူးဆိုတာကို ဒင်းလေးက လူထပ်ဖြည့်ချင်ပါသည်တဲ့လေ

အစည်းအဝေးခန်းထဲက ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်တို့ရဲ့ရန်ပွဲအသေးစားလေးကြောင့် ဝန်ထမ်းတွေနေစရာ ဘုံပျောက်နေရှာတယ်။

"ကုမ္ပဏီမှာရော စက်ရုံဘက်မှာရော လူတွေအလုံအလောက်ရှီတယ် လောလောဆယ်လူအသစ်မခေါ်သေးဘူး"

"လူအသစ်ခေါ်တယ်ဆိုတာ လိုမှခေါ်ရတာမှမဟုတ်တာ ကျွန်တော်က ခေါ်မယ်ဆို ခေါ်မယ်ဘဲ"

"ဝမ်ရိပေါ် မင်းမရစ်နဲ့ကွာ"

"ရစ်တယ်! ကျွန်တော်ကလေ"

"မလိုတဲ့အရာတွေမလုပ်ဘဲ မင်းအလုပ်သာမင်းလုပ်စမ်းပါ"

ရိပေါ်တယောက် မျက်နှာကြီးမှောင်မဲသွားပြီး

"မင်းက ငါ့ကိုအရေးမစိုက်တာလား ဒီကုမ္ပဏီမှာ ငါ့ရာထူးကဘာလဲကော မှတ်မိသေးရဲ့လား"

"တော်စမ်းပါကွာ မင်းကိုတရားဝင်မလွှဲရသေးဘူးဆိုတာလည်းမမေ့နဲ့ ဒီလုပ်ငန်းကိုသေချာကိုင်နိုင်ပြီဆိုမှ မင်းကိုအဲ့ရာထူးပေးမှာ အခုတော့ အိမ်မှာဘဲ သွားအိပ်နေစမ်းပါ"

Mirror Where stories live. Discover now