Mirror ... 3

1K 108 10
                                    

Unicode

အမွေဆက်ခံဖို့အကြောင်း ရှေ့နေတွေနဲ့အတူ ရိပေါ်တယောက် ဧည့်ခန်းထဲထိုင်လို့ စကားပြောနေကြတယ်။

ဖိုးဖိုးကြီးက သူပိုင်ဆိုင်တဲ့အထည်စက်ရုံကြီးကို နှစ်နဲ့ချီပြုစုပျိုးထောင်ခဲ့သူဖြစ်လို့ သူအရမ်းတန်ဖိုးထားတဲ့ ဒီအလုပ်ကို သူမရှီတော့တဲ့အခါ တခြားလူတယောက်ကိုလက်လွှဲဖို့ရာမှာလည်း စိတ်မချခဲ့ပုံပေါ်ပါတယ်။

ဖိုးဖိုးရဲ့ မိသားစုရှေ့နေအပြင် မမြင်ချင်ပါဘူးဆို မျက်နှာချင်းဆိုင်မှာတွေ့နေရတဲ့ ရှောင်းကျန့်ရယ် အိမ်ထိန်းဦးလေးကြီးရယ် သုံးယောက်သားခေါင်းချင်းဆိုင်ဆွေးနွေးနေကြသည့် ဘေးမှာ ရိပေါ်ကတော့ ရှေ့ကအအေးနဲ့မုန့်ကိုသာထိုင်စားနေတယ်။

ဖိုးဖိုးက ဘယ်လိုစီမံခဲ့တယ်ဆိုတာ မသိချင်တာတော့မဟုတ်ပေမယ့် ရှောင်းကျန့်ရှီနေတာမို့ တမင်ကိုစိတ်မဝင်စားဟန်ဆောင်နေတာဖြစ်၏။

သူ့ကို တချက် တချက်လှည့်ကြည့်နေတာမြင်တာမို့ မုန့်ကိုဇိမ်ခံစားပြနေလိုက်သည်။

"အဟမ်း!"

‌ရှောင်းကျန့်ရဲ့ချောင်းဟန့်သံ

မသိချင်ယောင်ဆောင်နေတဲ့သူကတော့ ခြေပင်ယှက်လို့ ချိတ်ထိုင်လိုက်ပြီး မလေးစားပုံဖမ်းနေလေသည်။

ရှေ့နေကြီးကလည်း ရိပေါ်ကိုကြည့်လို့ စိတ်ပျက်နေပုံပေါ်တာမို့ ရှောင်းကျန့်မနေနိုင်တော့

"ကျွန်တော်တို့ အမွေကိစ္စနဲ့ လုပ်ငန်း‌ကိစ္စတွေကို နောက်မှပြောကြမလား အခုက‌ နေ့လည်ထမင်းစားချိန်ဆိုတော့ စားသောက်ပြီးမှပြောကြတာပိုကောင်းမလားလို့ပါ"

ဟန်ဆောင်ရယ်ရင်း ရှေ့နေကြီးအာရုံကိုပြောင်းပေးတော့

"အင်း အဲ့လိုဘဲလုပ်ကြတာပေါ့"

ရိပေါ်ကိုတချက်ကြည့်ပြီး ထမင်းစားခန်းထဲ ရှေ့နေကြီးကအရင်ဝင်သွားလေသည်။ ဧည့်ခန်းထဲ နှစ်ယောက်ထဲကျန်ခဲ့တော့မှ ရှောင်းကျန့် ဝမ်ရိပေါ်နဲ့သေချာစကားပြောဖို့လုပ်လိုက်သည်။

"ဝမ်ရိပေါ် မင်းနဲ့ဆိုင်တဲ့ကိစ္စကိုပြောနေတာကို မင်းဘာကြောင့် နားမထောင်တာလဲ"

Mirror Where stories live. Discover now