Mirror ... 7

938 81 23
                                    

Unicode

XZကုမ္ပဏီက ဖိုးဖိုးနဲ့ဘယ်လိုများပတ်သက်နေလည်းဆိုတာ သိချင်နေတဲ့ ရိပေါ်ဟာ ဝန်ထမ်းတွေကြား သွားစပ်စုတယ်။
အကုန်မဟုတ်တောင် အနည်းအကျင်းလောက်ဖြစ်ဖြစ် သိလိုသိညား...

ဝန်ထမ်းတွေကတော့ ပြောတယ် အဲ့ကုမ္ပဏီက ဆေးဆိုးဆေးရိုက်ပိုင်း တာဝန်ယူပြီးလုပ်ပေးတာတဲ့
ထူးတာတစ်ခုက အဲ့ကုမ္ပဏီက သူဌေးဟာဘယ်သူဆိုတာ တစ်ယောက်မှမသိကြဘူး ...

အဲ့ကုမ္ပဏီဘက်က လူလွှတ်တယ်ဆိုတာလည်း အရိပ်တောင်မမြင်ရပါဘူးတဲ့လေ။ ဖိုးဖိုးတစ်ယောက်ဘဲ သူဌေးဆိုတဲ့သူကို မြင်ဖူးတာလို့ပါပြောသေးသည်။

တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပြီး သိုဝှက်လွန်းတဲ့ ထိုလူဟာဘယ်သူများလဲလို့ ရိပေါ်သိချင်မိတာ အမှားတော့မရှီ။
ရှောင်းကျန့်ကိုသွားမေးချင်ပေမယ့်လည်း ဒီရက်ပိုင်း ဒီဇိုင်းအသစ်ကြောင့် မအား.. အခုလိုအချိန်မျိုးမှာ အမေးတခွန်းအဖြေတခွန်းကလွဲပြီး ဘာမှမပြောတဲ့အပြင် နည်းနည်းလေးပြောလိုက်တာနဲ့ရန်ဖြစ်စကားများတာကဘဲပိုများလိမ့်မည်။

ချစ်မိသွားတဲ့နောက် ရန်မဖြစ်ချင်တော့တာမို့ တတ်နိုင်သမျှ ရှောင်းကျန့်ကို ရှောင်နေမိတယ်။ အတွင်းရေးမှူးဆိုတဲ့ ယွီရှင်းကလည်း ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ ဆိုတဲ့အတိုင်း ဘာမေးမေး ဘူးကြီးဘဲ

နောက်နေ့ကြမှ ဘူးသီးကြီးဘဲချက်ကျွေးပစ်အုံးမယ်!!။

စိတ်ထဲကနေ ကြိမ်းလိုက်ပြီးနောက် သိ‌ချင်နေတဲ့ မေးခွန်းရဲ့အဖြေကို ဘယ်လိုရှာရမလဲ ကြံတယ်။
ဘာဘဲဖြစ်ဖြစ် သူသာဖိုးဖိုးနေရာကိုယူလိုက်ပြီဆို သိရမှာဆိုပေမယ့် သူဒီမှာနေတာ လနဲ့ချီပင်ကြာလို့ လုပ်ငန်းကို ဦးဆောင်တော့မယ့် အခြေအနေတောင် ရောက်နေပြီဆိုသော်လည်း XZနဲ့ပတ်သတ်လို့ ဘာမှမသိရ မကြားရ။

ဘယ်သူမှမပြောတော့ ပိုလို့သိချင်တယ်...

ရှောင်းကျန့်ကိုဘဲ အပူသွားကပ်သင့်လား။အလုပ်မအားတဲ့သူကို အားလည်းနာမိပြန်တယ်။ ဘယ်လိုဖြစ်ဖြစ်လေ ရှောင်းကျန့်က ဖိုးဖိုးရဲ့ လူယုံတစ်ယောက်ဆိုတော့ သေချာ‌ပေါက်သိနေမှာဘဲ အပူမကပ်ချင်လည်း ကပ်ရပါတော့မည်။

Mirror Where stories live. Discover now